အခန်း ၂၂၃

1.1K 96 1
                                    

အခန်း ၂၂၃။

ရှရှင်းဟယ်ကို ပေးပြီးသား

“မနက်ဖြန် ဓာတ်ခွဲခန်းကို သွားလိုက်၊ မင်းကို ဘယ်သူကမှ ပြဿနာမရှိစေရဘူး၊ ကိုယ်ပြောရဲတယ်” သူ သူမကို လွှတ်ပေးလိုက်ပြီး အတည် ညွှန်ကြားနေလေသည်။

“မင်းကို အနှောင့်အယှက်မဖြစ်စေဖို့ ကိုယ် အချိန်တစ်ခုထိတော့ မင်းနဲ့ ဝေးဝေးမှာ နေနေပါ့မယ်၊ ဒါပေမဲ့ မင်း ပြန်စဉ်းစားပေးမယ်လို့ ကိုယ် တကယ် မျှော်လင့်တယ်…ကိုယ်တို့ကြားမှာပေါ့။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ် လွယ်လွယ်အလျှော့မပေးဘူးလို့ သတိပေးထားလိုက်မယ်နော်"

ရှင်းဟယ် နောက်သို့ ပြန်လှည့်လာပြီး သူ့ကို ကြည့်လိုက်သည်။ သူမ သူ့မျက်လုံးထဲက ခံစားချက်များစွာကို တွေ့လိုက်ရသည်။

သူမသည် ရှုပ်ထွေးသော ခံစားချက်များကို ကိုင်တွယ်ရာတွင် အလွန်ညံ့သဖြင့် ၎င်းတို့ကို မြင်ရသည်ကို သူမ မုန်းလေသည်။

၎င်းက သူမ၏ပျော့ကွက်ဖြစ်၏။

ရှင်းဟယ် ရှောင်ရှားရန်ကို ရွေးချယ်လိုက်သည်။ သူမ နောက်တစ်ခွန်းမှ မဟဘဲ ထွက်သွား၏။

သူမ နောက်ခြေတစ်လှမ်း မလှမ်းလိုက်နိုင်ခင်တွင် သူမလက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က ဆွဲထားလိုက်သည်။ သူမ မုပိုင်ကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။

“ပြောစရာကျန်သေးလို့လား”

မုပိုင်၏အကြည့်က ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်၏။ မသိလျှင် ဖွင့်ပြောခြင်းက ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုမျိုးပင်။

သူက အမိန့်ပေးလိုက်သည်။

“ကားပေါ်တက်၊ ကိုယ် မင်းကိုလိုက်ပို့ပေးမယ်”

“မလိုဘူး…”

သူသည် သူမကို ငြင်းခွင့်မပေးဘဲ သူ့ကားဆီ သူမကို ဆွဲခေါ်သွား၏။ ရှင်းဟယ် ငြင်းဆိုရန်ကိုပင် ပင်ပန်းနေပြီ။ သူမကို ကားဆီ ပစ်ထည့်ခွင့်ပေးလိုက်သည်။ သူမကလေးကလားကိစ္စနှင့် သူ့ကို စိန်ခေါ်ကာ အားအင်ကို ဖြုန်းမပစ်လိုက်ချင်ပေ။

သူမ တက်ပြီးနောက် မုပိုင် ကားပေါ် တက်လာကာ မကြာခင်၌ ခေတ်မီကားကြီးက စားသောက်ဆိုင်မှ ထွက်သွားတော့သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora