အခန်း ၂၀‌၅

1.8K 119 1
                                        

အခန်း၂၀၅။

နင်တို့သုံးယောက်လုံး ထွက်သွားကြ (ဓာတ်ခွဲခန်းအပိုင်းပြီးဆုံး)

“သူမရဲ့ကွန်ပျူတာစကေးလ်က အဲလောက်ကောင်းတယ်” ဟု လူအုပ်ထဲမှ တစ်ဦးက သိလို၍မေးလာသည်။

“ဟက်ကာပြိုင်ပွဲကို ပြောကာမှ အမျိုးသမီးတစ်ဦးက ဟက်ကာအကုန်လုံးကို
နိုင်သွားပြီး ပြိုင်ပွဲအားလုံးကို အပြတ်သိမ်းနိုင်သွားတယ်၊ တစ်ပွဲလုံးကို နိုင်သွားတယ်လို့ ကြားလိုက်သေးတယ်၊

“အဲဒါတကယ်သူမများလား”

“သူမပဲဖြစ်ရမယ်”

ရှင်းဟယ်အပေါ် လူအုပ်၏အမြင်မှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့
သည်။

ယခင်က သူတို့ နှိမ်သလိုကြည့်ခဲ့သော်လည်း ယခု၌ လေးစားသည့်အကြည့်သာရှိတော့သည်။

ရှင်းဟယ်က သင်္ချာမှာ ကြောက်ဖို့ကောင်းလောက်အောင် တော်ရုံမကသေးဘူး၊ ကွန်ပျူတာကိုလည်း ကျွမ်းသေးတယ်။

ဓာတ်ခွဲခန်းဆိုသည့်နေရာမှာ အသိပညာစုဝေးရာ အဖွဲ့အစည်းဖြစ်သည်။ သူတို့က အခြားအရာအားလုံးထက် ဉာဏ်ပညာနှင့် အမျှော်အမြင်ရှိမှုကို တန်ဖိုးထားလေသည်။ ရှင်းဟယ်သည် အလှတရားသာမက ဉာဏ်လည်း ရှိသည်။ သူမသည် သေချာပေါက် လေးစားထိုက်သူဖြစ်သည်။ လေးစားမှုတွင် ရိုသေမှုသာ ကပ်ပါလာပြီး မနာလိုခြင်းတော့မရှိချေ။

“ဒါဆို ငါတို့ ကွန်ပျူတာ စမ်းသပ်ပွဲကို လုပ်မှာလား မလုပ်ဘူးလား။ ဒါမှမဟုတ် ခေါင်းဆောင်ယွင်က ကိုယ်တိုင် ယှဉ်ပြိုင်ချင်တာလား” ဟု ရှင်းဟယ်က ရုတ်တရက် မေးလာသည်။

ရို့ပင်းမျက်နှာ ဒေါသကြောင့်နီလာ၏။

သူမ လက်ကို တင်းတင်းဆုပ်ကာ ဒေါသထွက်လွန်း၍ စကားတစ်ခွန်းပင် မဟနိုင် ရှာပေ။

ပြီးတော့ သူမက ဒီလို အချိန်မျိုးမှာ ဘာထပ်ပြောနိုင်ဦးမှာလဲ။ သူမ ရှင်းဟယ်ကို
ဘယ်လို စမ်းသပ်ချက်မျိုး လုပ်နိုင်သေးလို့လဲ။

သူမကိုယ်တိုင် ရှင်းဟယ်နှင့် ယှဥ်ပြိုင်သည်က လူရှေ့သူရှေ့အရှက်ပဲ ကွဲစေလိမ့်မည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now