အခန်း ၂၀၀

1.3K 115 1
                                    

အခန်း ၂၀၀။

ရုပ်ဆိုးသော သေခြင်းတရား

မည်သည့် မေးခွန်းကမျှ မလွယ်ကူချေ။ ထိုစဉ် ရှင်းဟယ်အပေါ် ရောက်လာသည့် အကြည့်များက ကရုဏာသက်မှုများ ပြည့်နေပြီ ဖြစ်သည်။ သူမ ယနေ့တွင် ကံဆိုးမှုမှောင်ကျပြီ ဖြစ်သည်။

ပါမောက္ခနှစ်ယောက် ချမှတ်သည့် စိန်ခေါ်မှုများ မကြမ်းတမ်းလွန်းရန် မျှော်လင့်နေကြသည်။ ထိုစိန်ခေါ်မှုများက သူမ၏ ယုံကြည်ချက်ကို အပြည့်အဝ ဖျက်ဆီးနိုင်၏။ ရို့ပင်းနှင့်အတူ သူတို့က သူမ၏ စံချိန်ကို မချိုးဖျက်ချင်ကြပေ။ ရီချန်ပြောလိုက်သည့် အရာက သူတို့ကို အံ့ဩသွားစေ၏။

“နောက်ထပ်မေးခွန်း ကျေးဇူးပြုပြီး”

သူက ဓားသွားပြီးရင်  လက်ကိုင်ရိုးကို ပစ်ထုတ်နေတာနှင့် တူတယ်။ လူအုပ်ကြီးထဲရှိ တစ်စုံတစ်ယောက်က လေ့လာနေ၏။

ထိုအတွေးက လူတိုင်း၏ စိတ်ထဲ ပဲ့တင်သံ ထွက်သွားသည်။ သူမသည် မည့်သည့် မေးခွန်းကိုမျှ မဖြေရှင်းနိုင်သောကြောင့် ကျောက်သင်ပုန်းပေါ်တွင် ရေးထားသည်များကိုလည်း မဖြေရှင်းနိုင်တာ ဖြစ်လောက်သည်။

နောက်ဆုံး ပါမောက္ခကို ဂရုဏာသက်ပြီး ရိုးရှင်းသည့် မေးခွန်းတစ်ခု ပေးတာ ဖြစ်နိုင်ပေ၏။ မည်သူမျှ အံ့ဩစရာ မလို။ ပါမောက္ခဝမ်သည် သူမအတွက် ဖြေရှင်းရန် ရိုးရှင်းသည့် သင်္ချာပုစ္ဆာပေးခဲ့ခြင်းက စိတ်အရှည်ဆုံး ဖြစ်တာ ပြသနေ၏။

“မင်းဒါကို သိမှာ သေချာတယ်”

ပါမောက္ခဝမ်က မြေဖြူကို ချလိုက်သည်။ ရို့ပင်းက အခွင့်အရေးယူပြီး ထပ်ထည့်ပြောလိုက်သည်။

“ပါမောက္ခဝမ် ပါမောက္ခက သိပ်ကြင်နာတာပဲ”

တစ်နည်းဆိုရလျှင် သူသည် ရှင်းဟယ်အပေါ် ဂရုဏာ သက်လွန်းသာ မရှိဟု ပြောလိုက်ချင်းတာ ဖြစ်သည်။

ရှင်းဟယ်က အနည်းငယ် ပြုံးကာ ပြောလိုက်၏။

“ပါမောက္ခဝမ်ရဲ့ တွေးပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီမေးခွန်းက တကယ်လွယ်လွန်းနေတယ်”

“ကြည့်ရတာက သူက ဒီမေးခွန်းကိုပဲ ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိတဲ့ပုံပေါ်တယ်”

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now