အခန်း ၃၀၂

660 46 1
                                    

အခန်း ၃၀၂။ သေချင်နေတာပဲ

သူက ရှမုန့်၏ဘဝကို ဖျက်ဆီးခဲ့ပြီး ယခု ကွာရှင်းသည့်အတွက် ငွေအများကြီး တောင်းရဲသေးသည်။

သူ အဘယ့်ကြောင့် ဤလောက်ထိ အရှက်မရှိရတာလဲကို ရှင်းဟယ်
သိချင်မိသည်။

ဒါက ယောက်ျားတစ်ယောက်အနေနှင့် မဆိုနှင့် လူတစ်ယောက်အနေနှင့်တောင် မလုပ်သင့်သောလုပ်ရပ် ဖြစ်သည်။

ရှင်းဟယ်က ထိုလူယုတ်မာ မည်မျှထိ အရှက်မဲ့နိုင်မည်ကို ကြည့်ရန် “ဒါဆို ရှင်က
ဘယ်လောက်လိုချင်တာလဲ” ဟု လေချိုအေးဖြင့် မေးလိုက်သည်။

ယဲ့ရှန်က သူမကို စိတ်လှုပ်ရှားစွာကြည့်လာပြီး လက်ဖြန့်ပြလိုက်သည်။

“RMB ၅,၀၀၀,၀၀၀ လား”

“သုညနှစ်လုံးထပ်ထည့်လိုက်”

‘သန်း၅၀၀၊ ဒီဝက်က သန်း၅၀၀လိုချင်တယ်တဲ့လား’

“ရှင် ဘဏ်ကိုလည်း ဓားပြသွားတိုက်လောက်တယ်နော်”

ရှင်းဟယ်က လှောင်လိုက်သည်။

ယဲ့ရှန်က ရှင်းဟယ်၏ဆိုလိုရင်းကို နားမလည်၍ မျက်တောင်ခတ်နေသည်။

“အရမ်းများနေလို့လား။ အဲလောက်က ရှီးမိသားစုအတွက်ဆို ဘာမှမဟုတ်ပါဘူး။ ရှမုန့် စဉ်းစားကြည့်လေ၊ ငါ့ကို ကွာရှင်းဖို့ ပိုက်ဆံပေးတာက
မင်းအတွက်လည်း မဆိုးပါဘူး။ ရှီးမုပိုင်က အခု တစ်ယောက်တည်းလို့ ကြားတယ်၊ သူ ပထမက စေ့စပ်ထားတာလည်း ပျက်သွားပြီပဲ။ ငါနဲ့ကွာရှင်းပြီးရင် မင်း သူ့ကို စိတ်ကြိုက်လိုက်လို့ရသွားပြီလေ၊ အဲတော့ တွေ့လား၊ ငါကမှ မင်းကို တကယ်
ကူညီပေးနေတာပါ”

ရှင်းဟယ်က မွန်းစတားတစ်ကောင်ကို ကြည့်နေရသကဲ့သို့ သူ့ကို
စိုက်ကြည့်လိုက်သည်။ သူက ခြောက်ကပ်ကပ် ရယ်လိုက်သည်။

“ပြောရဦးမယ် သိလား၊ ရှင်ကလေ ယောက်ျားတစ်ယောက်က ဘယ်လောက်ထိ
စက်ဆုပ်ဖို့ကောင်းနိုင်သလဲဆိုတာကို တကယ်ပြပေးနေတာပဲ”

'အစကတည်းက ရှမုန့် ဘယ်လိုအောက်လမ်းနဲ့ အညှို့ခံလိုက်လို့ ဒီလို…ဟာကို ကြိုက်သွားရတာလဲ။ ငါတော့ နားမလည်နိုင်တော့ဘူး'

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora