အခန်း ၂၅၃

1.7K 112 2
                                        

အခန်း ၂၅၃။

တစ်လောကလုံးကို ဖျက်ဆီးရန်

ရှင်းဟယ်အတွက် တူညီပေ၏။ သူမက သတိမလစ်ဟင်းရဲပေ။ အသက်အန္တရာယ် ရှိနေချိန်၌ နောက်ဆုတ်စရာ လမ်းမရှိပေ။ နောက်ထပ် အော်သံ တစ်သံဖြင့် ရှင်းဟယ်သည် အမဲလိုက်ခွေး၏ နားရွက်ကို ပြင်းထန်စွာ ကိုက်လိုက်တော့၏။ သူမ၏ ပါးစပ်ထဲတွင် သွေးအရသာများ ချက်ချင်း ပြည့်သွားတော့သည်။ အမဲလိုက်ခွေးက နာနာကျင်ကျင် အော်လိုက်ပြီးနောက် ရှင်းဟယ်ကို ကိုက်ထားတာ အားလျော့သွား၏။ ပြီးနောက် နောက်ဆုတ်ကာ သူမကို ရက်စက်စွာ စိုက်ကြည့်နေ၏။ ရှင်းဟယ်သည် ချက်ချင်းပင် အခွင့်အရေးကို အရယူပြီးနောက် သူမ၏ ရန်သူကို မြင့်မားသော အရပ်အမောင်းဖြင့် ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ သို့သော်ငြား သူမ၏ ခန္ဓာကိုယ်မှ နာကျင်မှုကြောင့် ကြမ်းပြင်ပေါ် လဲကျသွားသည်။

အမဲလိုက်ခွေးသည် ထိုအားနည်းမှုကို မြင်သောအခါ ရှင်းဟယ်ဆီ တိုးဝင်လာပြီး သူမ၏ လည်ပင်းကို ခဲရန် ရည်ရွယ်လိုက်၏။ ထိုစဉ် တံခါး အပြင်ဖက်မှ သေနတ် ပစ်သံ တစ်သံ ကြားလိုက်ရပြီးနောက် တံခါးပွင့်သွားကာ အခန်းထဲ နေရောင် ဝင်လာတော့၏။

ရုတ်ခြည်း အဖြစ်အပျက်များက ရှင်းဟယ်ကို ထိတ်လန့်သွားစေရုံသာမက အမဲလိုက်ခွေး၏ လှုပ်ရှားမှုကိုလည်း တုံ့နှေးသွားစေသည်။

ရှင်းဟယ်သည် အခန်းထဲသို့ လေပြေသဖွယ် ပြေးဝင်လာသည့် အရိပ်ကို မြင်သော အခါ အဖြစ်အပျက်ကို သဘောပေါက်သွားသည်။ သူ၏ ပုံရိပ်က သူမရှေ့၌ ရပ်နေပြီး သူမ ထိခိုက်ဒဏ်ရာ ရခြင်းမရှိအောင် ကာကွယ်ပေးထားခြင်း ဖြစ်၏။ တစ်ချိန်တည်း နီးပါးတွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် တပ်ဖွဲ့က ရှင်းလင်းနေသည့် သိုလှောင်ရုံထဲသို့ ဝင်လာတော့၏။

သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက သိပ်ကို ထိရောက်မှု ရှိပြီး မျက်တောင် တစ်ခက်နီးပါး၌ ရှင်းဟယ် တဝိုက်တွင် လုံခြုံသွားပြီ ဖြစ်သည်။ ရှင်းဟယ်ရှေ့တွင် ရပ်နေသည့် သူက နောက်ဆုံး၌ ရင်းနှီးနေသော သွင်ပြင်ကို ဖော်ပြလတော့သည်။

ဤကဲ့သို့ စိတ်ထိခိုက်ဖွယ် မြင်ကွင်းကို ကြည့်ပြီးနောက် သူ၏ မျက်လုံးထဲတွင် မဖော်ပြနိုင်သည့် နူးညံ့မှုတို့က ပေါ်ပေါ်လာရာ ဖိနှိပ် မထားနိုင်တော့ပေ။ သို့သော် နောက်တစ်စက္ကန့်၌ သူ့မျက်လုံးက အဆုံးမရှိ တွင်းနက်အဖြစ် ပြောင်းလဲသွားပြီး တစ်လောကလုံးကို ဝါးမျိုးရန် အသင့် ဖြစ်နေ၏။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora