အပိုင်း ၂၇၃။
လျှို့ဝှက်ပူးပေါင်းကြံစည်မှုနှင့် အိပ်မက်တစ်ခု
ရှမုန့်၏ ဘဝကို စကားတစ်ခွန်းတည်းဖြင့် ပြောရလျှင် မချမ်းမြေ့မှုဟူသည့် စကားသာ ရှိပေသည်။ သူမ အသက်ဆယ့်သုံးနှစ်အရွယ်တွင် သူမ၏ ဖခင် ပျောက်သွားပြီး ရှမုန့်နှင့် သူမ၏ မိခင်တို့က ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ခဲ့ရသည်။ ငယ်ရွယ်သည့် ဆယ်ကျော်သက်သမီးပျို ရှိသည့် တစ်ကိုယ်တော်မိခင်၏ ဘဝက သူတို့အတွက် မလွယ်ခဲ့ပေ။
ကိစ္စများက ပိုမိုကောင်းမွန်သည့် အလှည့်သို့ ရောက်မလာပေ။ သူမ၏ မိခင်က မကြာမှီ၌ ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်သွားခဲ့သည်။ တရားဝင်အရက်သောက်နိုင်သည့် အသက်အရွယ်တောင် မရောက်သေးခင် မိဘနှစ်ပါး ဆုံးပါးသွား၏။ သူမက ယဲ့ရှန်းနှင့် မတွေ့ခင်က ဆွေမျိုးများ၏ ကြင်နာမှုကိုသာ အားကိုးပြီး အသက်ရှင်သန်ခဲ့ရကာ ထိုကြင်နာမှုများကလည်း နည်းပါး ရှားပါးလွန်းသည်။ သူမသည် တက္ကသိုလ်တွင် ယဲ့ရှန်းနှင့် တွေ့စဉ်က ယာယီသက်သာရာ ရခဲ့သည်။ သူမက သူ့ကို အားသွန်ခွန်စိုက်လိုက်ခဲ့သည်။ သူသာလျှင် သူ့ကမ္ဘာ၏ ဘုရင်မသဖွယ် သူမကို ဆက်ဆံခဲ့သည်။
ရှမုန့်က သူမ၏ ကံသည် ယခုအချိန်၌ ပြောင်းလဲတော့မည်ဟု ထင်ခဲ့သည်။ သူမအတွက် ယဲ့ရှန်း၏ အချစ်များကို ယုံကြည်ခဲ့၏။
သူမကို သူလက်ထပ်ခွင့်တောင်းသည့်အချိန်၌ သူ့ကို အားကိုးအားထားပြုနိုင်မည်ဟု ထင်ခဲ့သည်။ သူမ မှားယွင်းသွား၏။ ယဲ့ရှန်းသည် သူမ ဖခင် သူမအတွက် ထားရစ်ခဲ့သည့် ပိုင်ဆိုင်မှုများကို အပိုင်သိမ်းရန် သူမကို လက်ထပ်ခဲ့တာပဲဖြစ်သည်။ မူလက ရှမုန့်သည် သူ၏ အစီအစဉ်ကို မသိခဲ့ပေ။ အကြောင်းမှာ ထိုပစ္စည်းများကို သူယခင်က မတွေ့ခဲ့ဖူးပဲ စိတ်ဝင်စားနေသောကြောင့်ဖြစ်သည်။
သူမက သူ့ကို ဆက်တိုက်ငြင်းဆိုခဲ့သည်။ နောက်ဆုံးတွင် သူ၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီး သူ၏ နည်းလမ်းများက ပိုကြမ်းတမ်းလာတော့၏။
သူမပေါ် သူပထမဆုံး လက်တင်သည့်အချိန်၌ အားလုံးက ပူးပေါင်းကြံစည်မှုတစ်ခုဆိုတာ နောက်ဆုံးတော့ သူမ သဘောပေါက်သွားခဲ့ရသည်။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...
