အခန်း ၂၉၉။ ယဲ့မိသားစုသည် သူမနှင့် လုံးဝ မထိုက်တန်
ရှင်းဟယ်က ဘာမှ မတတ်နိုင်သော်ငြား ရှမုန့်အတွက် စိတ်မကောင်း ဖြစ်မိသည်။ သူမသည် ရှမုန့်ကို ထိုကဲ့သို့သော လူမျိုးကို အဝေးသို့ရောက်စေရန် မဖြစ်မနေ ကူညီရမည်ဟု သူမ ခံစားမိသည်။ မဟုတ်ပါက သူတို့ မှတ်ဉာဏ်ပြန်လဲပြီးနောက် သူမသည် ငရဲကို ကျရောက်မည် ဖြစ်သည်။
သက်ရောက်မှုကြောင့် ရှင်းဟယ်က ရှမုန့် ဖြစ်သေးသည့်အတွက် ယဲ့ရှန်းကို ကြိုက်မည်တော့မည်ပင်။
ရှင်းဟယ်က ယဲ့ရှန်းကို သူ့ကုမ္ပဏီ မကိုင်တွယ်နိုင်သည်အထိ တစ်ပတ် အချိန်ဆွဲသွားမည် ဖြစ်သည်။
သူ့၏ စိတ်ရင်းအမှန်ကို ပြသရန်အတွက် ယဲ့ရှန်းသည် တစ်နေ့ပြီး တစ်နေ့ ရှမုန့်ဆီကို လာပြီး သူ့လုပ်ငန်းကိစ္စများကို လျစ်လျူရှုကာ တောင်းပန်လေသည်။ သို့သော် ရှင်းဟယ်က သူမ၏ ရပ်တည်ချက်ကို လိုက်လျောမည့် လက္ခဏာ မပြပေ။
လောင်ကျွမ်းနေသော ဖယောင်းတိုင် နှစ်တိုင်ကို လက်နှစ်ဖက်လုံးတွင် ကိုင်ထားကာ ယဲ့ရှန်းသည် ဟော့ပေါ့အိုးထဲရှိ ပုရွက်ဆိတ် တစ်ကောင် ပမာ စိုးရိမ် ပူပန်လာသည်။ သူ့၏ မျက်နှာက ကြမ်းလာပြီးနောက် ပန်ဒါမျက်လုံး ဖြစ်လာတော့သည်။
မစ္စယဲ့က သူ့သား ဒီလို ဖြစ်သည်ကို ထပ်သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် ယဲ့ချင်ကို ခေါ်ကာ ရှင်းဟယ်ဆီသို့ ကိုယ်တိုင်ကိုယ်ကျသွားတော့သည်။
သူမ၏ ယူဆချက်အရ သူမ၏ ယောက္ခမဟူသည် ဂုဏ်ပုဒ်နှင့်ဆိုလျှင် အသက်ကြီးမှုနှင့် အာဏာရှိမှုကြောင့် သူ့မဆီ ခေါင်းလုံလာမည် ဖြစ်ပေသည်။
သူမ ရှင်းဟယ်ကို လွှမ်းမိုးနိုင်စွမ်းရှိကြောင်း ပြသရန်အတွက် သူမ ကားထဲက ထွက်ကတည်းက သူမ၏ လွှမ်းမိုးနိုင်မှုကို ပြလိုက်ပေသည်။ မစ္စယဲ့က သူပိုင်ဆိုင်သည့် နေရာကဲ့သို့ ပြုမူကာ အစောင့်များကို အမိန့်ပေးလိုက်လေ၏။
"ရှမုန့်ကို သွားခေါ်ပြီး ဒီကို လာကြိုခိုင်းလိုက်။ တကယ်လို့ သူက ငြင်းဆန်မယ်ဆိုရင် ငါက တစ်နေ့လုံး ဒီမှာ ရပ်နေပြီးတော့ လူတိုင်းကို သူမက ယောက္ခမကို ဘယ်လို ဆက်ဆံလဲဆိုတာကို ပြမယ်"
ESTÁS LEYENDO
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...