အခန်း ၃၀၉

737 57 2
                                    

အခန်း ၃၀၉။ ရိုးရှင်းပြီး လွယ်ကူလှ

ယဲ့ချင်က သူ့အမေနှင့်အတူ လိုက်စော်ကားလေသည်။ သူတို့၏ နုနယ်သော
နှုတ်မှ စော်ကားပြောဆိုသံများအစုံပလုံထွက်လာတော့သည်။

ကင်မရာမီးများ တစ်လက်လက်ဖြင့် ဆက်တိုက်လင်းနေတော့သည်။ သူတို့ကို  အစောင့်များက တားနေသော်လည်း မရပေ။ လုံး၀ ဆူညံပွက်လောရိုက်နေသည်။

"အပျက်မ နင်အခုထွက်မလာရင် ငါ ဒီနေရာကို မီးရှို့ပစ်မယ်။ ငါ နင်တို့
ပြည့်တန်ဆာကို စုံတွဲလိုက် မီးရှို့ပစ်မယ်" သခင်မယဲ့က ဒေါသတကြီး အော်ဟစ်
ကြိမ်းမောင်းနေပြီး နောက်ဆုံး၌ ဗီလာအရှေ့တံခါးက ဖြည်းဖြည်းချင်း ပွင့်လာတော့သည်။

"ငါတို့ကို အရှင်လတ်လတ်မီးရှို့မယ်ပေါ့။ အဲလို လုပ်ဖို့ကြိုးစားတာလေးကို မြင်ချင်သေးတယ်" မုပိုင်၏ အာဏာအပြည့်နှင့်အသံက ခြံဝင်းတစ်ခုလုံးအနှံ့ ပျံ့သွားပြီး တံခါးနောက်မှ သူထွက်လာတော့သည်။

ထိုနေရာတွင်ရှိနေသူများအားလုံး မှင်သက်သွားသည်။

သခင်မယဲ့က သတင်းထောက်များကို ရွှင်မြူးစွာ လက်တို့ပြီး သူ့ကို လက်ညှိုးထိုးလာလေသည်။

"တွေ့လား၊ ရှီးမုပိုင်က ဒီမှာရှိတယ်။ ငါ့စွပ်စွဲချက်တွေအကုန် အမှန်တွေချည်းပဲ"

သတင်းထောက်များသည် ဆူပူသောင်းကျန်းကြသော လူအုပ်ကဲ့သို့ အာရုံစိုက်လာကြပြီး ဂိတ်စောင့်များကို တွန်းထုတ်ကာ ရှေ့သို့ အတင်းပြေးလာကြပြီးနောက် မုပိုင် နားတွင် ဝိုင်းလိုက်ကြသည်။ ကင်မရာမီးများ မရပ်မနား တစ်ဖျက်ဖျက်ဖြင့်လင်းနေတော့သည်။ သူတို့ မည်သူနှင့် ရင်ဆိုင်နေရသလဲကိုပင် မေ့နေကြပုံရပေသည်။

လူအုပ်ကြီးကို မုပိုင်က အေးစက်လှသော အကြည့်ဖြင့် ကြည့်ပြီး "ဒီမှာရှိနေတဲ့
ကင်မရာနဲ့ ဖုန်းတွေအားလုံးကို ဖျက်ဆီးလိုက်။ ထွက်ပြေးရဲတဲ့သူရှိရင် အဲလူတွေရဲ့ ခြေထောက်တွေကို ရိုက်ချိုးလိုက်။ သူတို့ကို ဝိုင်းထားလိုက်"

သူ၏ လေ့ကျင့်ပေးထားသော ကိုယ်ပိုင်သက်တော်စောင့်များက လူအုပ်ကြားတိုးသွားကာ သတင်းထောက်များနှင့် နပန်းလုံးလေသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)حيث تعيش القصص. اكتشف الآن