အခန်း ၂၅‌၄

1.1K 93 1
                                    

အခန်း ၂၅၄။

ဒီနေ့က သူ့ရဲ့နောက်ဆုံးနေ့

မုပိုင်က ရှင်းဟယ်ကို ရင်ခွင်ထဲ၌ ညင်သာစွာ ပွေ့ပြီးနောက်သူ့ လူများကို အမိန့်ပေးလိုက်သည်။

“ခွေးရဲ့ အလောင်းသယ်ပြီးတော့ ပြန်ပေးဆွဲသူ နှစ်ယောက်ကို ချက်ခြင်းခြေရာခံ ညမမှောင်ခင်မှာ သူတို့ အားလုံးကို အချုပ်ထဲရောက်တာ မြင်ချင်တယ်”

“ဟုတ်ကဲ့ဆရာ”

လေ့ကျင့်ထားသည့် စစ်သားတစ်စုက ကြည်လင်သည့် အသံဖြင့် တုံ့ပြန်သည်။

ရှင်းဟယ် ခန့်မှန်းသကဲ့သို့ပင် ပြန်ပေးဆွဲ သမားနှစ်ယောက်အတွက် ပြန်ပေးဆွဲကောင်းမှာ မဟုတ်ပေ။ နောက်ကွယ်မှ ကြံစည်သူကလည်း လုံခြုံမှာ မဟုတ်။ ကျန်သည့်သူသည် ရှင်းဟယ်၏ လက်စားချေမှုမှ အသက်ချမ်းသာရာရမည် မဟုတ်သလို မုပိုင်၏ အမျက်ဒေါသကိုလည်း ခံစားရမှာ ဖြစ်သည်။ ယခုအချိန်တွင် သူသွေးသံရဲရဲတိုက်ခိုက်တော့မှာ မဟုတ် ဖြစ်၏။ နောက်ကွယ်မှ ကြံစည်သူသည် မည်သူပင် ဖြစ်စေကာမူ သူတို့ ဒဏ်ကြေးကို ရှင်းရှင်းပေးစပ်ရမည် ဖြစ်ပေ၏။

ရှင်းဟယ်ကို ဆေးရုံသို့ ပို့လိုက်သည်။ သူမသည် ပြင်းထန်သည့် ဒဏ်ရာအချို့ ခံစားရသည့်တိုင် အသက်အန္တရာယ်မရှိပေ။ ညသန်းခေါင်ရန်၌ သူမ နိုးလာတော့သည်။ မုပိုင်က သူမခုတင်ဘေးတွင် ထိုင်ကာ သူမကို စောင့်ပေးနေ၏။ သူ့အကြည့်တို့က သူမ မျက်နှာထက်မှ တစ်ခါမှ မခွာခဲ့ပေ။ ထို့ကြောင့် ရှင်းဟယ် မျက်လုံးဖွင့်ချိန်တွင် မုပိုင်၏ အကြည့်များနှင့် ဆုံသွားတော့သည်။ သူက သူမ နိုးလာတာကို မြင်သောအခါ မုပိုင်၏ အကြည့်များသည် အနည်းငယ် လှုပ်ခါသွားပြီးနောက် စိုးရိမ်ပူပန်စွာ မေးလိုက်တော့သည်။

“မင်းဘယ်လိုနေလဲ။ ရေဆာနေသေးလား။ နေပိုကောင်းသွားအောင် တစ်ခုခု လုပ်ပေးနိုင်တာများရှိလား”

“ကျွန်မရဲ့ ဒဏ်ရာတွေ ဘယ်လိုနေလဲ”

ရှင်းဟယ်က တန်းမေးလိုက်သည်။ သူ၏ စိတ်က စိတ်ဒဏ်ရာရဖွယ် ဖြစ်စဉ်ကို ကြုံတွေ့ခဲ့သော လူနာတစ်ယောက်နှင့် မတူပေ။

ဝေးလွင့်ပြီးသော အတိတ် (၂)Hikayelerin yaşadığı yer. Şimdi keşfedin