အခန်း ၂၇‌‌၆

845 65 1
                                    

အခန်း ၂၇၆။ မင်း ဘယ်သူလဲ

မုပိုင်သည် လွန်ခဲ့သည့် လဝက်ခန့်၌ သူမည်ကဲ့သို့ ရှင်သန်ခဲ့မှန်း မသိပေ။ သို့သော် အခြားသူများ၏ အမြင်တွင် သူက တူညီနေသေးဆဲဖြစ်သည်။ သူသည် အလုပ်သွားပြီး ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနေ၏။ ကွာခြားချက်က သူသည် ခါတိုင်းထက် ပိုတောင် စကားနည်းလာ၏။ သူသည် ယခင်ကတည်းက နှုတ်နည်းသည့်သူ ဖြစ်နေပြီးသားဖြစ်ရာ လတ်တလော အဖြစ်အပျက်က သူ့ကို ပိုတောင် တိတ်ဆိတ်သွားစေသည်။ လူသားများကြား ဆက်ဆံရေးနှင့် ပိုမိုဝေးကွာသွားစေ၏။

သူ၏ စွမ်းအင်အားလုံးကို အလုပ်ထဲတွင်သာ ထည့်ထားပုံရသည်။ တစ်ရက်လျှင် နှစ်ဆယ့်လေးနာရီသာ ရှိပြီး သူက ဆယ့်ငါးနာရီ အလုပ်လုပ်ခဲ့သည်။ ညနက်နေသည့် အချိန်မှာတောင် သူ၏ အလုပ်များကို စစ်ဆေးနေသေးဆဲဖြစ်သည်။

သူသည် စက်ရုပ်သဖွယ် အမူအကျင့်မျိုးဖြင့် သူ၏ မေးလ်များကို စစ်ဆေးနေသည့် အချိန်၌ ကွန်ပျူတာက အချက်ပေးသံတစ်သံ မြည်လာပြီး ပြင်ပဟက်မူ ကျူးကျော်နေကြောင်း သိလိုက်ရသည်။

မုပိုင်က အာရုံစိုက်လိုက်တော့၏။ ဘယ်သူက ငါ့ရဲ့ ကွန်ပျူတာကို ဟက်နေတာလဲ။

သူ၏ ကွန်ပျူတာသည် အကောင်းဆုံး ခုခံမှုစနစ် ရှိပြီး ဤလောကထဲတွင် ဟက်နိုင်သည့်သူ မရှိကြောင်း သူယုံကြည်ပေသည်။

မုပိုင်၏ အံ့အားသင့်မှုက သူ့ကို ကွန်ပျူတာကို တန်ပြန်ခုခံမှုများ ဆောင်ရွက်ခြင်းအား မဟန့်တားနိုင်ပေ။ သူ၏ ပြိုင်ဘက်က သူ့လှုပ်ရှားမှုကို ခန့်မှန်းပြီး ဖြစ်ပုံရသည်။ တန်ပြန်တိုက်ခိုက်မှုတိုင်းက ဖယ်ရှားခံနေရပြီး ပြိုင်ဘက်ကသာ ရှေ့ဆက်တိုးလာ၏။

မုပိုင်က မျက်မှောင်ကြုတ်လိုက်သည်။ ဟက်သည့် အရည်အချင်းတွင် သူနှင့် ယှဉ်နိုင်သူက လက်တစ်ဖက်စာသာ ရှိသည်။ သူတို့ထဲမှ တစ်ဦးက သူ၏ ယခင် ဇနီးသည်၊ သူ၏ ဟက်သည့် ပညာကို ပြီးပြည့်စုံစွာ တိုက်ခိုက်နိုင်သည့် ဇီးရိုးဇီးရိုးဝမ်း ဖြစ်သည်။

သူ၏ လက်ရှိပြိုင်ဘက်က ရှင်းဟယ်နှင့် အဆင့်တူပဲ ရှိပေ၏။ မုပိုင်က စိုးရိမ်ပူပန်မှု၊ သိချင်စိတ်တို့ဖြင့် မျက်ခုံးပင့်လိုက်သည်။ ဒီလူက ဘယ်သူလဲ။ သူ ဘာလိုချင်တာလဲ။ ဒီတော့ ယုတ္တိရှိရှိ ပြောရရင် သူက ဗျူဟာကျကျ နောက်ဆုတ်သင့်တယ်။ ဒါပေမဲ့ သူဘာကြောင့် နောက်မဆုတ်တာလဲ။ ဒီလူက ဘာကြောင့် ဒီကွန်ပျူတာကို ဟက်နေရတာလဲ။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora