အခန်း ၂၈၈

871 56 0
                                    

အခန်း ၂၈၈။ မှတ်ဉာဏ်ဆင့်ပွားဖြစ်ပေါ်တဲ့နည်းပညာ

ရှင်းဟယ်က ရေခဲတုံးတမျှ အေးစက်ပေသည်။

သူမ ရှင်းဟယ်ဆီမှ အသနားခံရန် ကျရှုံးသွား၍ ရှမုန့် စိတ်ပျက်သွားသည်ကို ဖုံးမရပေ။ မည်သူကမှ အားနည်းသူအတွက် သနားစိတ်မဖြစ်သည်ကို ရှမုန့် နားမလည်နိုင်ပေ။

ရှမုန့် ခြေထောက်ကိုခေါက်တင်ပြီး သူမဒူးကို ဖက်ထားလိုက်သည်။

"အကြောင်းရင်းကို မပြောပြဘူး။ သေချာပေါက် ပြန်ပြောင်းလို့ရတဲ့နည်းလမ်းကိုလည်း မပြောပြဘူး၊ ရှင်သာ မလုပ်မပေးချင်း..."

"နင် ငါနဲ့ အပေးအယူလုပ်လို့ရမယ့်အနေအထားမျိုးမဟုတ်ဘူးနော်" ရှင်းဟယ်က သူမကို ဖြတ်ပြောလိုက်သည်။

"ရှမုန့် နင် ငါ့ကို ခြိမ်းခြောက်တာတို့ ငါ့ဆီက အခွင့်ကောင်းယူတာတို့မလုပ်ဖို့ အကြံပေးချင်တယ်၊ မဟုတ်ရင်တော့ ငါနင့်ကို လူဖြစ်လာတာကိုတောင်မှ နောင်တရသွားအောင် လုပ်ပေးလိုက်မယ်။ ဉာဏ်ရှိရှိပြုမူ"

ရှင်းဟယ်၏ ရန်လိုပြီး အားမာန်အပြည့်နှင့် အပြုအမူကြောင့် ရှမုန့် လန့်သွားသည်။

"ငါထပ်ပြောမယ်၊ နင်ဘာနည်းလမ်းကို သုံးပြီး ငါတို့ခန္ဓာကိုယ်တွေကို လဲလိုက်တာလဲ" ဟု ရှင်းဟယ် အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

သူမ ထပ်ပြီး ဆွေးနွေးညှိနှိုင်းလို့မရတော့မှန်း ရှမုန့်သိလိုက်သည်။ သို့သော် သူမသာ ၎င်းကို ဖော်ထုတ်လိုက်ပါက သူမအတွက် ခြေကုတ်ထားစရာ ဘာကျန်တော့မည်နည်း။ သို့သော်လည်း သူမတွင် ရွေးချယ်စရာ ဘာရှိသေးသနည်း။

ရှင်းဟယ် ဤကဲ့သို့ ပြုမူတုံ့ပြန်လာမည်ဟု ရှမုန့် မမျှော်လင့်ထားမိချေ။သိပ္ပံနည်းကျကျပြောရလျှင် ရှင်းဟယ်က ရှမုန့်ဆီမှ အချက်အလက်များကို လိုအပ်နေ၍ ရှမုန့်က အလေးသာနေသည်။ သူမက အသာစီးရနေရမည်ဖြစ်သော်လည်း သူမ ကြံစည်ထားသည့်အတိုင်း ဖြစ်မလာချေ။

ရှရှင်းဟယ်အကြောင်း ဘာတစ်ခုမှ သူမသိခဲ့သည်ကို သူမ သတိထားမိလိုက်သည်။ ရှင်းဟယ်သည် သူမဘဝကို ပြောင်းပြန်လှည့်နိုင်တာမဆန်းတော့...

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now