အခန်း ၂၉၃

671 53 1
                                    

အခန်း ၂၉၃။ ကြောက်စရာကောင်းတဲ့ အတွေး

“ရှင်းဟယ် အပေါ် တစ်ခုခု အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတစ်ခုခု ဖြစ်မယ်ဆိုတည်းက ငါတို့ မင်းကို ယုံကြည်ပေးပါမယ်လို့ မျှော်လင့်နေတုန်းလား”

မုပိုင်က ခြေတစ်လှမ်းတိုးလိုက်ပြီးနောက် သူ့သူငယ်ချင်းကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

လုချီက ရှက်ရွံ့မှုကြောင့် သူ့ခေါင်းကို ငုံလိုက်ပြီးနောက်

“မင်းပြောတာ မှန်တယ်။ ငါတကယ်ကို တောင်းပန်ပါတယ်”

“လုချီ ငါတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးက ပြီးဆုံးသွားခဲ့ပြီ”

မုပိုင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ လုချီ၏ မျက်လုံးများက အနည်းငယ် တုန်ယင်နေကာ သူ့မျက်နာပျက်သွားခဲ့သည်။

“ငါနားလည်ပါတယ်။ ငါက မင်းကို သူငယ်ချင်းလို့ ခေါ်နိုင်ဖို့အတွက် အရည်အချင်း မပြည့်မီတော့ဘူး”

သူက အေးအေးစက်စက်ဖြင့် ပြောလိုက်ပြီးနောက် ထိုသို့ ဖြစ်လာသည်ကို လက်ခံလိုက်သည်။

ထပ်ပြောရပါက သူ့သူငယ်ချင်း၏ ယုံကြည်မှုကို သစ္စာဖောက်ခဲ့သည် ဖြစ်ရာ သူငယ်ချင်းဆက်ဆံရေး ပြီးဆုံးသွားသည်က သူရသင့်ပေသည်။

“ဒေါက်တာလု ရှင် တစ်ယောက်တည်းပဲ ကျွန်မရဲ့ မှတ်ဉာဏ်တွေကို ပြန်ရအောင် လုပ်ပေးနိုင်မှာလား”

ရှင်းဟယ်က ရုတ်တရက် မေးလိုက်၏။

လုချီက ခုနက ထိတ်လန့်နေခဲ့ရာ သူမ ဘာကို ဆိုလိုချင်မှန်း သူနားလည်ပေ၏။

“ရှမုန့်ရဲ့ အစတုန်းက အကြံအစည်က ကျွန်မရဲ့ မှတ်ဉာဏ်တွေ အကုန်လုံးကို ဖျက်ဆီးပစ်ဖို့ ဟုတ်တယ်မလား”
ရှင်းဟယ်က ယင်းကို ဖိပြောလိုက်သည်။

လုချီက ယဲ့ယဲ့ ရယ်လိုက်ကာ

“ဒီအကြောင်းကို ခင်ဗျားရှာတွေ့သွားတယ်ဆိုတော့ ကျွန်တော် အံ့ဩမိပါတယ်။ ဟုတ်ပါတယ်။ စစချင်းအကြံက မင်းရဲ့ မှတ်ဉာဏ်တွေ အကုန်လုံးကို ဖယ်ထုတ်ပစ်ပြီး မင်းရဲ့ ဘဝထဲကို ဝင်လိုက်ချင်လို့။ သူက ရှမုန့် ထပ်မဖြစ်ချင်တော့ဘူး။ သူမတွေ့ကြုံရတဲ့ လောကဓံတွေကို မခံနိုင်ဘူး”

ဝေးလွင့်ပြီးသော အတိတ် (၂)Hikayelerin yaşadığı yer. Şimdi keşfedin