အခန်း ၁၉၉

1.4K 109 1
                                    

အခန်း ၁၉၉။

အားလုံးတစ်ပြိုင်နက်

သူက လှည့်ထွက်သွားသည် ပါမောက္ခချန်းကလည်း သူ့နောက်မှ လိုက်သွား၏။

“အတူတူပဲ”

သူတို့နှစ်ယောက်လုံးက ရှင်းဟယ် ထိုသင်္ချာပုစ္ဆာကို ဖြေရှင်းနိုင်မည်ဟု မထင်ကြပေ။ ရို့ပင်းသည် ရေးကြီးခွင်ကျယ်လုပ်ပြီး သူတို့သုံးယောက်လုံးကို ခေါ်ရသည့် အကြောင်းအရင်းကို သူတို့ နားမလည်နိုင် ဖြစ်နေ၏။ သူမကိုယ်တိုင် ထိုစစ်ဆေးမှု မေးခွန်းကို ဖြေရှင်းရန် အရည်အချင်း ရှိပြီးသားပင်။

“ငါလည်းသွားနှင့်မယ်။ ပုစ္ဆာဖြေရှင်းပြီးတဲ့ အချိန်ကျရင် လာခေါ်လိုက်”

ပါမောက္ခချန်းကလည်း လုပ်ဖော်ကိုင်ဖက်များနောက် လိုက်သွား၏။ လူအုပ်ကြီးတောင် စတင် ကွဲသွားပြီ ဖြစ်သည်။

“ကျောက်သင်ပုန်းပေါ်တွင် သင်္ချာမေးခွန်းရေးပြီးသည့် အချိန်တွင် ပြီးသွားပြီမှန်း သိလိုက်၏။

ကျောက်သင်ပုန်းနား ရှိနေသည့် ရှင်းဟယ်၏ ပုံရိပ်ကို ငေးကြည့်ရုံအပြင် ကျန်တာ ကြည့်စရာ မရှိတော့ပေ။ သူက တစ်နေ့လုံး ဘာတွက်ချက်မှုမှ မရှိဘဲ အဲ့နေရာမှာ ရပ်နေတာ ဖြစ်နိုင်တယ်။

“ဒါပဲလား။ ကျန်တဲ့ နှစ်ယောက်ဘယ်မှာလဲ”

ရှင်းဟယ်က ပြောပြီး လူအုပ်ကြီး လှည့်ထွက်သွားသည့် အချိန်တွင် ရုတ်တရက် ထပြောလိုက်၏။

သူမ၏ လေသံက ဓာတ်ခွဲခန်းထဲတွင် ဆူညံနေသော လူအုပ်ကြီးဆီသို့ ဓားထက်ထက် တစ်လက်ဖြင့် ဖြတ်တောက်သွားသည့် အလား ကြည်လင်သည့် အရည်အသွေးရှိသည်။ သူမပြောတာ ကြားရသည့်သူတိုင်း ရပ်တန့်လိုက်ကြ၏။

ရှင်းဟယ်က ပါမောက္ခဝမ်၊ ပါမောက္ခချန်းတို့ကို ပြောလိုက်သည်။

“ပါမောက္ခတစ်ယောက်ကို မေးခွန်းတစ်ခုပဲ မလား။ ဒီလိုဆိုတော့ မေးလေ။ ချက်ချင်းပဲ ဖြေလိုက်မယ်”
သူဘာပြောလိုက်တာလဲ။ မေးခွန်းတွေ အားလုံးကို တစ်ပြိုင်နက်တည်း ဖြေစေချင်တာလား။

“အဲဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ သိလား”

ပါမောက္ခဝမ်က ကျောက်သင်ပုန်းကို လက်ညှိုးထိုးလိုက်ပြီးနောက် မေးလိုက်၏။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora