အခန်း ၂၆၁

1K 83 1
                                    

အခန်း ၂၆၁။ တတိယလက်ဆောင်

သူမလက်ထဲမှ ဓားရောင်လက်သွားပြီး ရှင်းဟယ်ဆီသို့ ပြေးလာလေသည်။

သခင်မချူ၏ ရုတ်တရက်လှုပ်ရှားမှုက အားလုံးကို ထိတ်လန့်သွားစေသည်။

သက်တော်စောင့်များက လန့်သွားပြီး ရှင်းဟယ်ကို ကာကွယ်ရန် မေ့သွားကြသည်။

သို့သော် သူမဆီသို့ ဓားကဦးတည်နေစဥ် ရှင်းဟယ် မလှုပ်နိုင်သလို၊ သူမက မျှော်လင့်နေသည့်အတိုင်း မျက်တောင်ပင် မခတ်ချေ။

ရှင်းဟယ်ခေါင်းနားသို့ ဓားက နီးသွားသည်နှင့်အမျှ သခင်ချူနှင့်ထျန်းရှင်းက စိတ်လှုပ်ရှားလာကြသည်။

အကယ်၍ သခင်မချူသာ ရှင်းဟယ်ကိုသာ သတ်လိုက်ပါက သခင်ချူက အပြစ်အားလုံးကို သူမအပေါ် အပြစ်ပုံကျလိုက်နိုင်ပြီး သူ့အပြစ်အတွက် ပြစ်ဒဏ်ပေးသည့်အခါ ပိုသက်ညှာစေရန်လုပ်နိုင်မည်ဖြစ်၏။ ရှင်းဟယ်က ထျန်းရှင်း၏လမ်းတွင် ပိတ်မနေတော့၍ မုပိုင်ဆီမှ အခွင့်အရေးကို သူမ ရနိုင်မည်ဖြစ်၏။

ရုတ်တရက် သခင်မချူ၏လက်ကောက်ဝတ်ကို သန်မာလှသောလက်က ဆွဲဆုတ်လိုက်ပြီး ဓားက လေထဲတွင် တန့်သွား၏။

သခင်မချူ၏လက်မောင်းကို မုပိုင်က ဖမ်းဆုပ်ထားပြီး သူမ ကြိုးစားရုန်းနေသော်လည်း သူမ တစ်လက်မပင် မလှုပ်နိုင်ပေ။

ထိုချိန်မှ သက်တော်စောင့်များ အသိပြန်ကပ်သွားပြီး သခင်မချူကို ကြမ်းပြင်သို့ ချက်ချင်း ဖိကပ်လိုက်ပြီး သူမကို ချုပ်ထားလိုက်သည်။

“ငါ့ကိုလွှတ်၊ ငါ ရှရှင်းဟယ်ကို သတ်ရမယ်၊ ငါ့ကိုလွှတ်…” သခင်မချူက

အရူးသဖွယ် ရုန်းကန်နေသည်။ ယခု ထျန်းရှင်း ထိုကဲ့သို့ လူသတ်ချင်စိတ်ပြင်းပြခြင်းက ဘယ်သူဆီကရလာလဲဆိုတာ သိရပေတော့သည်။

ရှင်းဟယ် သူမကို ကြည့်လိုက်ပြီး သခင်မချူကို အကျယ်ကြီးအော်ပြောလိုက်သည်။

“သခင်မချူ၊ ပုံက အစစ်၊ မဟုတ်ရင် ရဲလက်ထဲအပ်ပါ့မလား။ သက်သေပစ္စည်းကို မမှန်မကန်လုပ်တာက အပြစ်နော်”

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now