အခန်း ၂၉၅။ သူ့ဆီမှာလဲ ဘလက်ဘောက်ရှိမယ်
“ရှီးမုပိုင် ရှင်က ကျွန်မ ဘဝကို ထိန်းကြောင်းတဲ့ သူမဟုတ်ဘူး။ ထပ်ပြောရရင် ကျွန်မ ဆုံးဖြတ်ချက် ချပြီးပြီး ရှမုန့်ရဲ့ ပိုင်ဆိုင်မှုကနေ အဲအရာကို ကျွန်မ လိုအပ်တယ်”
ရှင်းဟယ်က သူ့ကို ပြောလိုက်သည်။ သူ့အနေဖြင့် သူ့ခွန့်ပြုချက်ကို တောင်းမနေပေ။ ရှင်းဟယ်တွင် သူ့ကို လောကဝတ်အရ သူ့ကို အသိပေးရုံသာ ရှိသည်။
မုပိုင်က သက်ပြင်းမချခင် သူမကို တစ်ချက် စိုက်ကြည့်လိုက်ကာ
“တစ်ခါတစ်လေမှာ ကိုယ်မင်းကို နည်းနည်းတော့ နုနယ်စေချင်တယ်။ ပြီးတော့ တစ်ကမ္ဘာလုံးကို မင်းအပိုင်လို မကြိုးစားစေချင်ဘူး”
ထို့ပြင် သူမက အနည်းငယ် ပိုပြီး နုနယ်ပါက သူ့ကို အနည်းငယ် ထပ်ပြီး မှီခိုရမည် ဖြစ်ပေသည်။
“ကျွန်မ ရှင့်ရဲ့ အကူအညီလိုသေးတယ်”
ရှင်းဟယ်က စူးစိုက်ကြည့်မှုအောက်တွင် ကျရောက်နေသည်။
“လက်ရှိ ကျွန်မရဲ့ အခြေအနေအရ ကျွန်မ ရှင့်ရဲ့ အကူအညီကို မှီခိုဖို့ အတွက် လိုအပ်တယ်”
မုပိုင်က ချိုချဉ်ရသည့် ကလေးတစ်ယောက်ပမာ ပျော်ရွှင်စွာ ပြုံးလိုက်သည်။
“ကောင်းပြီ။ ကိုယ်မင်းရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ ဒါပေမဲ့ မင်းကိုယ့်ကို မင်းရဲ့ လုံခြုံရေးအတွက် မင်းကိုယ်မင်း ဂရုစိုက်ပါမယ်လို့ ကတိပေးရမယ်”
ရှင်းဟယ်ထံမှ သဘောတူညီမှု သေးသေးလေးရသည်ကား သူ့ကို မှောက်ခုံ ပြောင်းပြန်လှန်နိုင်ခဲ့လေသည်။
ရှင်းဟယ် မျက်လုံးထောင့်က တုန်လာခဲ့ပြီးနောက် သူမက ခေါင်းညိတ်လိုက်ကာ
“ကျေးဇူးတင်ပါတယ်”
“မင်းကိုယ့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ တကယ်ပြောတာ”
မုပိုင်က အစွမ်းကုန် အလေးထားကာ ကားစက်မနှုန်းခင် ရေရွတ်ရင်း ပြုံးလိုက်တော့သည်။
ရှီးမိသားစု၏ စံအိမ်ဟောင်းကို သူတို့ ပြန်ရောက်ပြီးနောက် ရှင်းဟယ်က ရှမုန့်နှင့် ဆွေးနွေးရန် စီစဉ်တော့သည်။
![](https://img.wattpad.com/cover/323136830-288-k522031.jpg)
CZYTASZ
ဝေးလွင့်ပြီးသော အတိတ် (၂)
Romansကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...