အခန်း ၂၄၆

1.7K 110 1
                                        

အခန်း ၂၄၆။

သေခြင်းနှင့်ရင်ဆိုင်ရတော့မည်

သူမငယ်စဉ်က စွန့်ပစ်ခံခဲ့ရာမှ ရခဲ့သည့်ဒဏ်ရာ အနာဖေးက အပြင်းအထန် ပြန်ပွင့်သွား၏။ သူမက အရေးမပါဘူးဆိုသည့် ခံစားချက်က ရို့ပင်းကို ချောက်နက်ထဲသို့ ဆွဲချသွားသည်။

သူမကိုယ့်ကိုယ်ကိုယ် အမုန်းကြီးမုန်းနေသည်ကို ထုတ်ပြလာပြီး ပစ်မှတ်ထားရလွယ်သော ရှရှင်းဟယ်ကိုသာ ရွေးမုန်းလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမ အောင်မြင်မှုနှင့် ကျော်ကြားမှု
လက်တစ်ကမ်းအလိုသို့ ရောက်နေချိန်၌ ရှင်းဟယ်က လမ်းလာပိတ်၍ ဖြစ်သည်။

ငါက ပိုက်ဆံနဲ့ ဩဇာလွှမ်းမိုးမှု၊ အချစ်၊ လေးစားမှု၊ အားလုံးနဲ့ထိုက်တန်တယ်၊ အားလုံးနဲ့ထိုက်တန်တယ်လေ။ ဒါပေမဲ့ ဘာလို့…ဘာလို့ ငါ့ဆီကနေ လုသွားကြတာလဲ။ ငါနည်းနည်းပဲလိုတော့တာလေ…ဘာလို့လဲ

ဒါပေါ့…ရှရှင်းဟယ်ကြောင့်။ အဲမိန်းမပေါ်လာကတည်းက အားလုံးကို သူပဲ ဖျက်ဆီးပစ်တာ။ အားလုံး သူ့အမှားတွေချည်းပဲ။ ငါနဲ့ထိုက်တန်တာတွေ ရမဲ့လမ်းကို ရှင်းဟယ်လာပိတ်တာ။ အားလုံးက သူ့အမှားတွေချည်းပဲ၊ အဲလိုပဲဖြစ်ရမယ်။

ဆုံးရှုံးစရာမရှိတော့သည့် ရို့ပင်းက အရူးမသဖွယ် ရှင်းဟယ်ကို ပုတ်ခတ်ပြောဆိုလေသည်။

“ရှရှင်းဟယ် နင်ငါ့ကို ဒီလိုဒုက္ခပေးတဲ့အတွက် နင် ဖြည်းဖြည်းချင်း
ဝဋ်ပြန်လည်လိမ့်မယ်။ နင်မကြာခင် အသေဆိုးနဲ့ သေရတော့မှာမို့ သတိလက်လွတ် မဖြစ်မိစေနဲ့။ ဟားဟားဟား….နင်ထင်ထားတာထက်တောင် တရားမျှတစွာဖြစ်လာတော့မှာ…”

“သူမကို ပါးစပ်ပိတ်ထားလိုက်” ဟု အလွန်ဒေါသထွက်သွားသော မုပိုင်က အမိန့်ပေးလိုက်သည်။

အကြောင်းရင်းမရှိ ရို့ပင်းက ရှင်းဟယ်ကို ရည်ရွယ်ပြီး ပြောနေသော်လည်း သူ စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ တည်ငြိမ်စွာမနေနိုင်တော့။

သူ့အမိန့်ကြားပြီးနောက် လုံခြုံရေးများ ချက်ချင်း ရို့ပင်းပါးစပ်ကို လက်ဖြင့်
အုပ်ပိတ်ကာ သူမကို ဆွဲခေါ်သွား၍ သူမ ထပ်ပြီး ရုန်းလာပြန်၏။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now