အခန်း ၂၅၆

1.2K 116 2
                                    

အခန်း ၂၅၆။

ငါ မသေလို့ အံ့ဩသွားလား

မစ္စချူးက ရယ်မောလိုက်ပြီး

“သမီးအတွက် ပျော်တာပေါ့။ တကယ်တော့ ပြီးခဲ့တဲ့ ရက်တွေတုန်းက သမီးရဲ့ စိတ်က မယုံနိုင်စရာကောင်းလောက်အောင် စိတ်ဓာတ်ကျနေတာကြောင့် အမေစိုးရိမ်နေတာ”

ထျန်ရှင်းသည် မိခင်၏ လက်မောင်းကို ပြန်ဝှေ့လျက် ရယ်ပြုံးကာ ပြန်ပြောလိုက်သည်။

“အမေစိုးရိမ်ပူပန်အောင် လုပ်မိတဲ့အတွက်တောင်းပန်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ခုကို သမီး သဘောပေါက်သွားတာကြောင့် သမီးအဆင်ပြေသွားပါပြီ”

မစ္စတာချူးသည် တံခါးနားသို့ ဝင်လာသည်။ သူက သိချင်သည့် အမူအရာဖြင့် မေးလိုက်၏။

“မင်းတို့ သားအမိနှစ်ယောက် ဘာတွေ ဆွေးနွေးနေတာလဲ။ ပြီးတော့ ဘာကို သဘောပေါက်သွားတာလဲ ထျန်ရှင်း။ သမီးကို ဒီလောက်ပျော်ရွှင်စေတာ”

“ဟုတ်တယ်။ ထျန်ရှင်း သမီးဘာကို သဘောပေါက်သွားတာလဲ”

မစ္စချူးက ထပ်ပြောလိုက်ပြီးနောက် သူမသမီးပြောတာကို ကြားရန် စိုးရိမ်ပူပန်နေ၏။

ရှီးမိုပိုင်ကို ကျွန်မရဲ့ ဘဝထဲမှာ မလိုအပ်တော့ဘူး။ ပိုကောင်းတဲ့ တစ်ယောက်ရှာနိုင်ကြောင်း သဘောပေါက်သွားတာလို့ ပြောမှာကို စိုးရိမ်ပူပန်နေသည်။ ထို့ကြောင့် သူမက မျက်မှောင်ကျုံ့သွားစဉ် ထျန်ရှင်းက ပြန်ပြောလာသည်။

“အနာဂတ်က ကျယ်ပြောနေတုန်းပဲလို့ သဘောပေါက်သွားတာပါ။ မုပိုင်က တစ်နေ့ကျ သမီးဆီ ပြန်လာမှာ သေချာတယ်”

“ထျန်ရှင်း သမီးသူ့ကို ဘာကြောင့် ဒီလောက်ထိ ကပ်တွယ်နေသေးတာလဲ။ သူက သမီးကို ဒီလောက် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာ”

“အမေ သမီးသူ့ကို လက်လျော့မှာ မဟုတ်ဘူး"

ထျန်ရှင်းက ပြုံးပြီးနောက် ဆုံးဖြတ်ချက် ခိုင်မာစွာ ချထားကြောင်း အတည်ပြလိုက်သည်။ မကြာမီတွင် မစ္စတာချူက စတင်ရယ်မောလိုက်၏။

“အပြောကောင်းတယ်။ ချူမိသားစုရဲ့ သမီးပဲ။ မင်းပြောတာ မှန်တယ်။ သမီးလိုချင်တဲ့ အရာအတွက် အရိုးကျေကျေ အရေခမ်းခမ်း တိုက်ခိုက်သင့်တယ်။ ထျန်ရှင်း အဖေက သမီးဖက်မှာ ရှိတယ်”

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now