အခန်း ၂၀၇

1.1K 97 1
                                    

အခန်း ၂၀၇။

ဒါမင်းအတွက်

"အလုပ်မှာ ပင်ပန်းလို့လား" သူမ သက်ပြင်းချလိုက်သည် ကို ကြားသောအခါ မုပိုင်မေးလာသည်။

"ဘာမှမဟုတ်ပါဘူး"

ရှင်းဟယ် ပင်ပန်းသည်တော့မဟုတ်၊ရို့ပင်း နှင့် သူ့
နောက်လိုက်နှစ်ယောက်ကို နှင်ထုတ်လိုက်တာကလွဲ၍... သူမ တကယ်ဘာမှသိပ် မလုပ်လိုက်ရချေ။

"ယွင်ရို့ပင်းနဲ့အကြောင်းကို ကိုယ်ကြားပြီးပြီ။ မင်းရဲ့ ပထမဆုံးနေ့လေးဟာကို၊ မင်း အဲလောက်ထိလုပ်လိုက်ရတယ်" ဟု မုပိုင် ရုတ်ခြည်းဆက်ပြောလာသည်။

ရှင်းဟယ်သည် သူမလုပ်ရပ်ကို သူဝေဖန်နေတာလားဟူ၍ သိလိုစိတ်ဖြင့် သူ့ကိုစိုက် ကြည့်လိုက်သည်။

သူမ အမှန်တိုင်း ရှင်းပြလိုက်သည်၊ "သူသာ ကျွန်မကို အရင်ရန်လာမစရင်
ကျွန်မလည်း ဒီတိုင်းပဲထားလိုက်မှာပါ"

တကယ်ဆို ရို့ပင်း ဘယ်သူ့ကိုမှ အပြစ်တင်လို့မရ၊ သူ့ကိုယ်သူပဲအပြစ်တင်ရမှာ။

မုပိုင် ရယ်လိုက်ပြီး "အမှန်တိုင်းဝန်ခံရရင် ကိုယ် သူ့ကိုဖယ်ပစ်ဖို့ စောင့်နေတာ"

ထိုစကားကြောင့် ရှင်းဟယ် တကယ် အံ့အားသင့်သွား၏။

မုပိုင်က ဆက်ရှင်းပြလာသည်။

"အာဏာလိုချင်နေတဲ့သူမဆန္ဒက ကိစ္စတော်တော်များများကို ဖြေရှင်းတဲ့အခါ သွားသက်ရောက်နေတယ်လေ။ ဒါပေမဲ့ အဘွားက သူမကိုဆို အရမ်းအလေးထားတော့ ကိုယ်လည်း ဘာမှမတတ်နိုင်ဘူး။ ဒီနေ့ သူ့ကို ဓာတ်ခွဲခန်းကနေ နှင်ထုတ်လိုက်တာ တကယ် ပြောင်မြောက်
တာပဲ။ ကိုယ်မင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်"

ရှင်းဟယ်၏မျက်လုံး အရောင်လက်သွား၏။

"ကျွန်မတို့နှစ်ယောက် ထိပ်တိုက် တွေ့တော့မယ်ဆိုတာ ရှင်ကြိုသိနေတယ်ပေါ့။ ရှင့်အစီအစဉ်တွက် ကျွန်မကို အသုံးချလိုက်တာပေါ့"

သူမမေးခွန်းကို ဖြေရမည့်အစား မုပိုင်သူမအား စာရွက်စာတမ်းတစ်ခု လှမ်းပေးလိုက်သည်။

"ဒါကို အရင်ကြည့်လိုက်"

ရှင်းဟယ် စာရွက်ကို လှမ်းယူလိုက်ပြီး ဖြည်းဖြည်းချင်းလှန်ကြည့်နေလိုက်၏။ ၎င်းက ရှယ်ယာလွှဲပြောင်းရေးစာချုပ် ဖြစ်သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Tempat cerita menjadi hidup. Temukan sekarang