အခန်း ၂၂၈

1.4K 100 1
                                        

အခန်း ၂၂၈။

နင်က အောက်တန်းစားလေ၊ သူခိုးကျင့်သူခိုးကြံကြံတဲ့ အောက်တန်းစား

နိဂုံးချုပ်ရလျှင် ရို့ပင်း ရှင်းဟယ်ပေါ်လာသည်ကို သိပ်မကြောက်သော်လည်း သူမ ဆက်ပြီး ဟန်ဆောင်ပန်ဆောင်ဖြင့် အရေးတယူ လုပ်မနေတော့ပေ။

သူမ ရှင်းဟယ်ကို မြင်လိုက်သည်နှင့် မျက်နှာထက်၌ လှောင်ပြုံးပြုံးလိုက်သည်။ “ရှရှင်းဟယ်၊ နင် ဒီကို မျက်နှာ လာပြရဲတဲ့သတ္တိရှိလို့ ငါလေးစားပါတယ်။ အောင်မြင်မှုက ငါ့ဟာ ဖြစ်နေပြီဆိုတာ နင်မသိဘူးလား”

“အောင်မြင်မှု…နင်ကလား။ ငါ့ကို ရယ်ရအောင် မလုပ်စမ်းပါနဲ့” ဟု ရှင်းဟယ်ခနဲ့လိုက်သည်။

ရို့ပင်း အပြုအမူက ရိုင်းသဖြင့် ရှင်းဟယ်အနေနှင့် သူမကို ယဉ်ကျေးနေစရာအကြောင်းမရှိချေ။

ရို့ပင်း ဒေါသတကြီး ဟန့်လိုက်သည်။ “ငါ ဒီဓာတ်ခွဲခန်းကို ငါ့ဒီဇိုင်းနဲ့ပြန်အုပ်ချုပ်တော့မှာကို နင်ငါ့ကို ဘယ်လိုလုပ်မလေးမစားလုပ်ရဲရတာလဲ။ ငါ့ပစ္စည်းက ပြီးခါနီးနေပြီ၊ အဲတော့ နင်ရှုံးသွားပြီ”

ရှင်းဟယ် နှိမ်သလိုဖြင့် မျက်ခုံးပင့်လိုက်သည်။ “ငါတောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါက လူသားတွေအပေါ်ကိုပဲ လေးစားတာ၊ နင့်လို အောက်တန်းစားတွေကိုတော့မဟုတ်၊ အောက်တန်းစားတောင် သူခိုးကျင့်သူခိုးကြံကြံတတ်တဲ့အောက်တန်းစားလေ”

“နင်…” ရို့ပင်းမျက်နှာ ဒေါသကြောင့် နီရဲနေသည်။

သို့သော် သူမ မြန်မြန်စိတ်ငြိမ်သွားပြီး သူမ ဟိတ်ကြီးဟန်ကြီးဖြင့် လှောင်ပြုံးပြုံးလိုက်သည်။

“ရှရှင်းဟယ် နင်လူတွေကို သက်သေမရှိဘဲ လျှောက်စွပ်စွဲလို့မရဘူးလေ၊ နင်ပြောတော့ ငါကသူခိုးဆို၊ ဒါပေမဲ့ နင့်သက်သေက ဘယ်မှာလဲ”

“မင်းရဲ့ဒီဇိုင်းက အကောင်းဆုံးသက်သေပဲလေ၊ ငါ့အစ်မနဲ့ တူတဲ့ဟာ၊ အဲဒါကမှ ခိုးချထားတာမဟုတ်ရင် အဲဒါဘာလဲဆိုတာမသိတော့ဘူး” ဟု ရှကျီဒေါသတကြီး ပြောလာသည်။

ရို့ပင်း ရှကျီကို ရက်စက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်…

ဝေးလွင့်ပြီးသော အတိတ် (၂)Место, где живут истории. Откройте их для себя