အခန်း ၂၄၁

1.6K 103 2
                                        

အခန်း ၂၄၁။

ပေါက်ကွဲမှု

အခန်းတွင်း၌ စတင်ပြီး ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြပြီး
ရို့ပင်းစိတ်ထဲတွင်လည်း စိတ်တုန်လှုပ်ချောက်ချားလာ၏။

"ဘာတွေဖြစ်နေကြတာလဲ"

"သခင်ကြီးရှီး သတိထားပါ၊ ကျေးဇူးပြုပြီး ဘာဖြစ်သွားလို့လဲဆိုတာ
ကျွန်တော်တို့ကို ပြောပြပါ"

"ဒေါက်တာ၊ မြန်မြန်၊ တစ်ယောက်ယောက် ဆရာဝန်ကိုခေါ်ပေး" ဟု အဘိုးရှီး အော်ပြောလိုက်သည်။

ရို့ပင်း တောင့်တောင့်ကြီး လှည့်လာသောအခါ အခုလေးတင် ခွဲခန်းမှ
ဝှီးချဲလ်ဖြင့် ထုတ်လာသော သခင်မကြီးရှီးကို အလျင်အမြန် ပြန်ခေါ်သွား
ကြသည်ကို မြင်လိုက်ရ၏။

နာကျင်လွန်း၍ အော်နေသည့် သခင်မကြီးရှီးအနား ဆရာဝန်များနှင့်
သူနာပြုများ ဝိုင်းလာပြီး တစ်မိသားစုလုံးမှာ ဆရာဝန်များကို စိတ်လှုပ်ရှားစွာဖြင့် မေးခွန်း တသီတတန်းကြီး မေးနေကြလေသည်။

ရို့ပင်း၏မျက်လုံးထဲ၌ အားလုံးက ရပ်တန့်သွားသကဲ့သို့ဖြစ်နေပြီး
အကူအညီ လှမ်းတောင်းနေသည့်မြင်ကွင်းက မျက်လုံးထဲ ထပ်ကာထပ်ကာ ဖြစ်နေတော့သည်။

အိမ်မက်ဆိုးဖြစ်သည်။

သူမ ကြောင်တောင်တောင်ဖြင့် အခြေအနေကို ကြည့်နေပြီး သူမ
ခေါင်းအလုပ်မလုပ်တော့ပေ။

ဘာတွေဖြစ်ကုန်တာလဲ။

သူမ ရင်ထဲ ခံစားချက်မကောင်းတော့ပေ။

"ဘာတွေဖြစ်နေမှန်း မသိဘူးလား။ ရှင်းပါတယ်၊ နင် ရှုံးသွားပြီလေ"

သူမဘေးနားမှ ရှင်းဟယ်အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

ရို့ပင်း ခေါင်းကိုကိုင်ပြီး သူမကိုစိုက်ကြည့်လိုက်၏။

"ရှုံးတယ် ငါက၊ မဖြစ်နိုင်တာ၊ ငါမရှုံးနိုင်ဘူး၊ ဒါမမှန်ဘူး"

ရို့ပင်း စိတ်ရှင်းသွားရန် ခေါင်းကို တွင်တွင်ခါနေပြီးနောက် သခင်မကြီးရှီးဆီသို့ ပြေးသွားလေ၏။

မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ငါက အရှုံးသမားမဟုတ်ဘူး။

လမ်းတွင် ပိတ်နေသည့်လူများကို ဖယ်ထုတ်ပြီးနောက် သူမ နာကျင်၍
မျက်နှာရှုံ့မဲ့နေသည့် သခင်မရှီးနှင့် ပေါက်ကွဲသွားသည့်လက်အတုကို
မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now