အခန်း ၂၃၀

1.3K 98 3
                                    

အခန်း ၂၃၀။

အောင်မြင်မှုက သူမဟာ

ဓာတ်ခွဲခန်းထဲတွင် ပွဲခံသည့် အငွေ့အသက် ပြည့်နေသည်။

ရို့ပင်း၏ အင်ဂျင်နီယာအဖွဲ့မှာ ပီတိဖြာနေတော့သည်။ သူတို့ နောက်ဆုံးတော့အောင်အောင်မြင်မြင်ဖြင့် လူလက်အတုထွင်နိုင်သွားလေသည်။

ထိုအောင်မြင်မှု၏အဓိပ္ပာယ်ကို ထိုနေရာမှလူတိုင်းသိကြလေသည်။

လူသားမျိုးနွယ် တိုးတက်လာခြင်းအတွက် ခြေလှမ်းကြီးဖြစ်သည်၊ သမိုင်းစာအုပ်တွင် ကျန်ရစ်မည့်အရာဖြစ်သည်။

ကျော်ကြားမှုနှင့် ပိုက်ဆံ၊ ဤပရောဂျက်တွင် ပါဝင်သူတိုင်းအတွက် စောင့်ဆိုင်းနေမည့်ဆုလာဘ်များဖြစ်သည်။

ဤကဲ့သို့ စွန့်ဦးထွင်သည့် သုတေသနကို ဦးဆောင်သူ မန်နေဂျာဖြစ်သည့် ရို့ပင်းသည် တစ်ဘဝစာ ချမ်းသာကြွယ်ဝမှုနှင့် အာဏာကို ပိုင်ဆိုင်ရတော့မည် ဖြစ်သည်။

ထိုတိုးတက်လာမှုသည် မုချဖြစ်လာမည်ကို သိသော်လည်း သူမရင်ထဲမှ စိတ်ဂယောင်ချောက်ခြားဖြစ်မှုကို ထိန်းချုပ်ရန် ခက်ခဲနေသည်။

သူမအဖွဲ့နှင့်အတူ ကြွေးကြော်လိုက်ပြီးနောက် လှောင်ပြုံးပြုံးကာ လော့ကျွင်းဖက်သို့ လှည့်လာသည်။

“ငါ့ရဲ့ အောင်မြင်မှုအခိုက်အတန့်ကိုတူတူကြားလိုက်ရတာ ဝမ်းမသာဘူးလား။ ရှရှင်းဟယ်အတွက် အရမ်းနောက်ကျသွားပြီ၊ အရမ်းကို နောက်ကျသွားပြီ ကြားလား။ ငါအရင်ဆုံး လုပ်နိုင်သွားတာ၊ အောင်မြင်မှုက ငါ့ဟာ”

လော့ကျွင်း ရုတ်တရက် ထိုအမျိုးသမီးကို လုံးဝအထင်သေးသွား၏။

ဒီဇိုင်းက မစ္စရှလက်ရာဟာကို၊ သူဘယ်လိုလုပ်ပြီး သူ့ဟာလို့ အရှက်မရှိပြောရဲရတာလဲ၊ ဒါတင်မကသေးပြီး အဲဒါကြောင့် ပီတိဖြစ်နေသေးတယ်။

လော့ကျွင်း မစ္စရှအတွက် စိတ်မကောင်းဖြစ်သွား၏။ သူမအပိုင်ဖြစ်သင့်သည့် ဆုလာဘ်များအားလုံး ယွင်ရို့ပင်းဆီပါသွားတော့မည်။

ဘယ်လောက်တောင် မတရားလိုက်လဲ။

ထိုစဉ် လော့ကျွင်းသည် ရို့ပင်းအကြောင်း ဖော်ထုတ်ချင်သည်မှာ အရမ်းကို ဖြစ်နေ၏၊

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora