အခန်း ၂၈၄
။ သားလည်း မာမီ့ကို တွေ့ချင်တယ်
“ကျွန်မကို မထိနဲ့”
ရှင်းဟယ်ထံမှ ခါးခါးသီးသီးအငြင်းခံလိုက်ရသည်။
မုပိုင် ဒေါသမထွက်ဖြစ်လိုက်၊ ထိုအစား သူ ပျော်သွားလေသည်။
သူ သူမကို ယခင်က ထိခဲ့ဖူးသည်…ပြောရလျှင် သူတို့တွင် သားတစ်ယောက်ပင် ရှိခဲ့ပြီး၊ သူမ တစ်ခါမှ ထိုသို့ အတင်းငြင်းဆိုတာမျိုးမလုပ်ခဲ့ပေ။
‘ဒါဆို ဆိုလိုတာက သူ သူမရဲ့ ဒီအငှားခန္ဓာကိုယ်ကို ထိတာမျိုး သူမမကြိုက်ဘူးပေါ့…’
‘သူမ သဝန်တိုနေတာများလား’
မုပိုင် လက်ပြန်ရုပ်လိုက်ပြီး ဉာဏ်များသောအပြုံးဖြင့်
"ကောင်းပါပြီ၊ ကိုယ် အခုတော့ ဘယ်သူ့ကိုမှ မထိတော့ဘူး"
သူ့ဆိုလိုရင်းမှာ သူ သူမနှင့် ရှမုန့်အနားကို မကပ်တော့ဘူးဟူ၍ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူ နှစ်ယောက်ထဲက မည်သူ့နားကပ်ကပ် သူ့အတွက် ထူးဆန်းနေပေမည်။ ရှမုန့်က သူများ၏ဇနီးဖြစ်ပြီး အခြေအနေမှာရှုပ်ထွေးလှသည်။
သို့သော် ရှင်းဟယ့်အမြင်က ပိုရှင်းပေသည်။ သူမ အသိစိတ်ကရှရှင်းဟယ်ဖြစ်နေသရွေ့ သူမ မည်သူ့ခန္ဓာကိုယ်ထဲရောက်ရောက် သူမ ဂရုမစိုက်ပေ။
သေချာပေါက် သူမ နဂိုခန္ဓာကိုယ်ကတော့ အကောင်းဆုံးပင်။
…
ရှီးမိသားစု၏ အိမ်တော်ဟောင်းသို့ ရောက်သွားလေသည်။
"ကိုယ် သူမကို စောင့်ကြည့်ဖို့ လူထားထားတယ်။ ပြီးတော့ သူ့ကို ကိုယ်ဘာမှမပြောထားသေးဘူး" ဟု မုပိုင်က ရှင်းပြလာသည်။
"ဘာတွေဖြစ်ကုန်တာလဲဆိုတာ သူမသိကို သိလိမ့်မယ်" ဟု ရှင်းဟယ်က ပြောလာသည်။
မုပိုင်က ခေါင်းညိတ်လိုက်သည်၊ အကယ်၍ ဘာတွေဖြစ်နေတာလဲဆိုသည်ကို သူမ မသ်ိလျှင် သူမ နေပြန်ကောင်းလာသည်နှင့် ချက်ချင်း ရှင်းဟယ်ပုံစံ သရုပ်ဆောင်မည်မဟုတ်ပေ။
ထို့ကြောင့် သူမ ယခုအခြေအနေဖြစ်လာလိမ့်မည်ကို သိထားကြောင်း မှတ်ယူနိုင်သည်။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...
