အပိုင်း ၂၈၂

914 70 4
                                    

အခန်း ၂၈၂

။ ကားပေါ်တက်

အားလုံး သူမကို လှည့်ကြည့်ကြလေသည်။

သူမ အိမ်ထဲမှ ဖြည်းဖြည်းချင်း လျှောက်လာတော့သည်။ သူမခြေထောက်က မသန်စွမ်း ဖြစ်နေသော်လည်း သူမသည် catwalk ပုံစံလျှောက်လာလေသည်။

ယဲ့ချင်က သူမကို မကောင်းသောအကြည့်ဖြင့်ကြည့်လိုက်သည်။ ‘အဲအပျက်မက ငါ့ကို ကြည့်ရဆိုးအောင် တမင်လုပ်နေတာပဲ’

ယဲ့ချင် ရုတ်တရက် အရှက်ကွဲသလိုဖြစ်သွားသည်။ မုပိုင် သူမကို အထင်မသေးဖို့ကိုသာ မျှော်လင့်နေမိသည်။

ယဲ့ချင်က အတတ်နိုင်ဆုံး သူမအလိမ်အညာကို ကြိုးစားဖုံးလေသည်။ “တာ့ကျဲ၊ အိမ်မှာရှိနေတာပဲ။ ဒီမနက်ကပဲ အစ်ကိုနဲ့ထွက်သွားတာကို မှတ်မိနေတာ။ အမှတ်မှားတာနေမယ်”

ရှင်းဟယ်က လှောင်ပြုံးပြုံးလိုက်သည်။

“အဲဒါဆို နင် မျက်လုံးတွေကိုပဲဖြစ်ဖြစ်၊ ခေါင်းကိုပဲဖြစ်ဖြစ် သွားစစ်ဆေးသင့်တယ်နော်”

“နင်…” ယဲ့ချင် အရှိုက်ထိသွားလေသည်။

သခင်မယဲ့က အလျင်စလိုဖြင့် စကားလမ်းကြောင်းလွှဲလေသည်။ “ရှမုန့် ဒီမှာရှိနေတာနဲ့ အတော်ပဲ၊ ဥက္ကဋ္ဌရှီးက နင်နဲ့ ဆွေးနွေးစရာရှိလို့တဲ့။ ဥက္ကဋ္ဌရှီး အထဲဝင်ထိုင်ပါဦး၊ ကျွန်မ လူလွှတ်ပြီး လက်ဖက်ရည်ဖျော်ခိုင်းလိုက်ပါ့မယ်”

မုပိုင် သခင်မယဲ့ကို လုံးဝလျစ်လျူရှုထားပြီး ရှမုန့်ကိုသာ သေချာစိုက်ကြည့်နေသည်။

ရှင်းဟယ် ပေါ်လာသည့်အချိန်ကစပြီး သူမဆီမှ အကြည့်မလွှဲပေ။ သူမ၏မျက်နှာအပြုအမူတစ်ခုကိုပင် လွတ်သွားမည်ကို စိုးလေသည်။

ရှမုန့်ကို တွေ့လိုက်သောအခါ သူမတွင် ရှင်းဟယ်၌ တွေ့ရတတ်သည့် အမျိုးသမီးများကို အုပ်ချုပ်သည့်ဘုရင်မကဲ့သို့သော ယုံကြည်မှုအပြည့်ရှိနေခြင်းကို ခံစားမိ၍ သူအံ့အားသင့်သွားသည်။ ထိုကဲ့သို့သော အငွေ့အသက်မျိုးက ထူးခြားစွာ ရှရှင်းဟယ်သာ ပိုင်ဆိုင်သောအရာဖြစ်၏။

မုပိုင် ကားပေါ်မှ ချက်ချင်းဆင်းလိုက်ပြီး သူမမျက်လုံးများကို စိုက်ကြည့် လိုက်သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now