အခန်း ၂၇၂

1.3K 81 2
                                        

အခန်း ၂၇၂။

ကွာရှင်းဖို့အတွက် လိုချင်တဲ့ အချက်တွေပြောလိုက်

ရှင်းဟယ်က ထိုစုံတွဲကို စိတ်မဝင်စားသည့် အကြည့်ဖြင့်သာ ကြည့်လျက် သူတို့ကို ပူပန်မနေဘဲ ဆက်လျှောက်သွားသည်။ သို့သော် သူမ ပထမဆုံး လှမ်းလိုက်သည့် အချိန်တွင် သူမ လက်မောင်းကို အားဖြင့် ဆောင့်ဆွဲလိုက်တာကို ခံလိုက်ရသည်။ သူမက အနည်းငယ် နောက်ဆုတ်သွား၏။ ရှင်းဟယ်သာ ဟန်ချက်ညီအောင် အလိုလို မထိန်းထားမိလျှင် သူမ ကြမ်းပြင်ပေါ် လဲကျသွားမှာပဲ ဖြစ်၏။

ရှင်းဟယ်က မျက်ခုံးပင့်ကာ ယဲ့ရှန်းကို ကြည့်လိုက်သည်။ သူမ၏ ခင်ပွန်းကို လေ့လာကြည့်မိသလောက် ခံစားချက်များ ကင်းမဲ့နေပေ၏။

မနှစ်မြို့စရာကောင်းသည့်သူက ယုတ်မာစွာ အမိန့်ပေးလိုက်သည်။

“မင်း လူစကား နားမလည်ဘူးလား။ ခွင့်လွှတ်ပေးဖို့ဆိုပြီး အမေ့ကို တောင်းပန်ဖို့ အိမ်ကို လေးဖက်ထောက် ပြန်လာလည်း ဂရုမစိုက်ဘူး။ ငြိမ်ငြိမ်လေးထိုင်နေလိုက်”

“မစ္စရှ ရှန်းရှန်းက ရှင့်ကို လေးဖက်ထောက်ပြီး လာခိုင်းနေတာ။ ရှင်မကြားဘူးလား”

မြေခွေးမက ယဲ့ရှန်း၏စကားကို ဆိုးယုတ်သည့်လေသံဖြင့် ပြော၏။

သူ၏ ဇနီးကို သူ၏ အမြှောင်မယားက ထိုကဲ့သို့ ပြောနေတာကို မြင်သည့်အချိန်တွင် ယဲ့ရှန်း၏ မျက်နှာက တွန့်တောင် တွန့်မသွားပေ။ ရှင်းဟယ်က ရှမုန့်အတွက် ကရုဏာမသက်ဘဲ မနေနိုင်တော့ချေ။

သို့သော် ယခုအချိန်တွင် သူမက ဤခန္ဓာကိုယ်ကို လက်ခံထားရသူ ဖြစ်သောကြောင့် အဓိပ္ပာယ် မရှိသည့် ကိစ္စရပ်များကို လုပ်စရာ မလိုတော့ပေ။

“ကွာရှင်းဖို့အတွက် လိုချင်တာ ပြောလိုက်”

ယဲ့ရှန်းကို သူမက အေးတိအေးစက်ပြောလိုက်သည်။

ယဲ့ရှန်းက လှောင်ပြောင်လိုက်၏။

“ခွေးမ မင်းက ကွာရှင်းဖို့ ထပ်ပြောရဲတယ်ပေါ့။ မင်း သင်ခန်းစာ မရသေးဘူးလား ဟမ်”

သူက လက်မြှောက်ပြီးနောက် ရှင်းဟယ်ကို ရိုက်ရန် ပြင်လိုက်သည်။ ရှင်းဟယ်၏ မျက်ဝန်းတို့က ချက်ချင်း မှေးကျဉ်းသွားသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Waar verhalen tot leven komen. Ontdek het nu