အခန်း ၂၅၅

1.7K 108 1
                                        

အခန်း ၂၅၅။

သူမ ဒီခြိမ်းခြောက်မှုကို ဖယ်ရှားရမယ်

ရှင်းဟယ်ကို ဒုက္ခပေးခဲ့သည့် သူကို သူခွင့်လွှတ်ပေးတော့မှာ မဟုတ်ပေ။ ထိုလေဝေဒနာ ခံစားရအောင် သေချာပေါက်လုပ်ပေးမည်။ သို့သော် ရှင်းဟယ်၏ နှုတ်မှ ထွက်လာသော နာမည်က သူ့ကို အတော် ထိတ်လန့်သွားစေ၏။

“ချူထျန်းရှင်း”

သူမက အကောက်ကြံသူ၏ အမည်ကို ပြောနေစဉ် သူ့ကို စိုက်ကြည့်ကာ သူ့တုန့်ပြန်မှုများကို ကြည့်ရန် ကြိုးစားလိုက်၏။

မုပိုင်သည် ထိတ်လန့်မှုကြောင့် မျက်ဝန်းများ ပြူးကျယ်သွားပြီးနောက် ရက်စက်စွာ ကျဉ်းမြောင်းသွားသည်။

“ထျန်ရှင်းလား။ ဒီကိစ္စရဲ့နောက်ကွယ်က သူဆိုတာ ဘယ်လိုလုပ် သေချာသိနေတာလဲ”

“မသိသာလွန်းဘူးလား။ သူကျွန်မကို စိုက်ကြည့်တဲ့ အချိန်တိုင်းမှာ ကျွန်မ အသက်ကို ယူဖို့ အကောက်ကြံနေတာ တွေ့ရသားပဲ။ လက်ရှိမှာ သူမအပြင် ကျွန်မ အသက်ကို ယူဖို့ ဒီလိုထောင်ချောက်မျိုး လုပ်နိုင်တဲ့သူက တခြားသူ မရှိဘူး”

သူမသည် ချွေ့မင်နှင့် ဝူရွှမ်းကို ဖြေရှင်းခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ထိုလင်မယားက နောက်ကွယ်တွင် ရှိမနေနိုင်ပေ။ ရို့ပင်းက ရှင်းဟယ်ကို အနိုင်ယူရမည်ဟု ယုံကြည်ချက်ရှိနေသည်။ ထို့အပြင် တီမြို့တော်မှာ မောင်းထုတ်ခံလိုက်ရပြီ ဖြစ်သောကြောင့် မြန်မြန်ဆန်ဆန် တန်ပြန်တိုက်ခိုက်နိုင်မှာ မဟုတ်ပေ။ သူတို့ ပြောနေသည်က လူသတ်မှု ဖြစ်၏။ အကောက်ကြံသူက ရှင်းဟယ်ကို အချိန်အတော်ကြာ အငြိုးအတေး အာဃာတတို့ ရှိပြီး ဖြစ်ရမည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အမုန်းတရားတို့ လုံလောက်ရပေမည်။

ထိုကဲ့သို့မျိုး ပြုလုပ်နိုင်သည့်သူက ချူထျန်ရှင်းသာ ဖြစ်သည်။ သူမက မနာလို ဖြစ်မှုကြောင့် ရူးသွားတာပဲ ဖြစ်ရမည်။ ရို့ပင်း၏ နောက်ဆုံးစကားများက သူမအတွက် သဲလွန်စကြီးလည်း ဖြစ်ပေ၏။

ရှင်းဟယ် မကြာခင်တွင် သေခြင်းတရားတို့ဖြင့် အပြစ်ပေးခံရမည်မှန်း သေချာပေါက် သိနေသည်။ တစ်စုံတစ်ယောက်က ရှင်းဟယ်ကို အသက်အန္တရာယ်ပေးရန် အကောက်ကြံနေမှန်း သူမ သိနိုင်ပေသည်။ ရို့ပင်း၏ အနီးဆုံး မိတ်ဆွေများထဲတွင် ထိုသို့ ပြုလုပ်နိုင်သည့် တစ်ဦးတည်းသောသူမှာ ချူထျန်းရှင်းသာ ဖြစ်သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Onde histórias criam vida. Descubra agora