အပိုင်း ၂၇၅။
သူမက ရှရှင်းဟယ်ဖြစ်ကြောင်း ရှီးမုပိုင်ကို ယုံအောင် လုပ်ရမယ်
ရှမုန့်ဆီကနေ အဲဒီပစ္စည်းကို ရယူဖို့ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ချင်တဲ့ အဲဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူက ဂလက်ဆီပရောဂျက် အကြောင်းကို သိနေတာများလား။ သူက သူတို့ထဲက တစ်ယောက်လား။
ရှင်းဟယ်က သူ့ဘက်ကို လှည့်ကြည့်လိုက်၏။
“ကျွန်မ မေးစရာ တစ်ခုရှိတယ်။ ကျွန်မ အဖေရဲ့ ပိုင်ဆိုင်မှုကို ရှင်ဘာကြောင့် ဒီလောက်ထိ လိုချင်နေတာလဲ။ ရှင့်အတွက် ဘယ်လိုများ အကျိုးဖြစ်စေလဲ”
ရှင်းဟယ်က တိုက်ရိုက်မေးလိုက်သည်။
ယဲ့ရှန်းက ကြင်နာသည့် အပြုံးဖြင့် ပြော၏။
“ငါဘာကြောင့် လိုချင်လဲဆိုတာ မင်းသိဖို့ မလိုဘူး။ ငါက ပစ္စည်းတစ်ခုကို တွေ့လိုက်တာနဲ့ သူ့ရဲ့ ကိုယ်ပိုင်တန်ဖိုးကို သိပြီးသား။ ပြောရရင် အဲဒါက မင်းအတွက် တန်ဖိုးမရှိဘူး။ ဒီတော့ ငါ့ကို ပေးလိုက်ပေါ့။ မင်းသာ ငါ့ကိုပေးရင် အလိုလိုက်ခံထားရမယ့် မင်းသမီးလေးတစ်ပါးလို ဆက်ဆံမယ်ဆိုတာ ငါမင်းကို ကတိပေးတယ်”
ရှင်းဟယ်သည် ထိုကတိကြောင့် ကျောချမ်းသွားပေသည်။ ထိုလူသည် သေချာပေါက် လိမ်နေတာပင်။
ရှင်းဟယ်က ခေါင်းညိတ်လိုက်၏။
“ရှင် ကျွန်မကို ဒီညတစ်ယောက်တည်း ထားနိုင်မလား။ ကျွန်မ အေးအေးချမ်းချမ်း အနားယူပြီး စိတ်ငြိမ်အောင် လုပ်ဖို့လိုသေးတယ်”
ယဲ့ရှန်း၏ မျက်လုံးက စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားကာ သူ၏ ဝမ်းသာအားရ ဖြစ်မှုတို့ကို ဖိနှိပ်ထား၏။
“ဒါဆိုရင် ငါထားခဲ့မယ်။ မနက်ဖြန် မနက်ကြမှ ပြန်လာမယ်။ အိပ်မက်လှလှ မက်ပါစေ။ ဂွတ်ဒ်နိုက်”
ယဲ့ရှန်းက ပြီးနောက် ထွက်သွားတော့သည်။ သူ့နောက်ရှိ တံခါးကိုတောင် ပိတ်ပေးသွားသေး၏။
ရှင်းဟယ်က တံခါးကို မြန်မြန်လော့ချလိုက်သည်။
သူမ မျက်နှာပေါ်တွင် အကြောက်တရားတချို့ ရှိလာ၏။

VOCÊ ESTÁ LENDO
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...