အခန်း ၂၈၆

1K 84 2
                                    

အခန်း ၂၈၆

။ နင်က ဘယ်တော့မှ ငါ ဖြစ်လာမှာမဟုတ်ဘူး

သူမကို စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ချိန်ပေးခြင်းမရှိ၊ ထိုမျှ မြန်မြန်ကြီး ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

သူမ ခိုးယူထားသည့်ရက်များကို ပျော်ရွှင်စွာနေရမည့်အခွင့်အရေးကို မရခဲ့ချေ။

သို့သော် ယခုလိုကလည်း အရမ်းမဆိုးလောက်ပေ၊ အနည်းဆုံးတော့ သူမ အမှန်ပေါ်သွားမည်ကို ကြောက်ရွံ့နေရန် မလိုတော့ချေ။

မကြာခင်မှာတင် ရှမုန့်က စိတ်ပြန်တည်ငြိမ်သွားသည်၊ သူတို့နှစ်ယောက်လုံးကို တစ်ချက်ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောရန် ဆုံးဖြတ်လိုက်သည်။

ရှင်းဟယ်၏ ပြတ်သားသောအကြည့်က ရှမုန့်ကို စေ့စေ့စပ်စပ် ကြည့်နေပြီးနောက် “နင်ကိုယ်တိုင် မရှင်းပြတော့ဘူးလား။ ငါတို့ ဘာလို့ ခန္ဓာကိုယ်ချင်းလဲသွားရတာလဲ”

“ရှင် ဘာတွေပြောနေလဲဆိုတာ မသိဘူး…”

ရှမုန့် ရွေးချယ်လိုက်သည့်တုံ့ပြန်မှုက ငြင်းဆိုရန်ဖြစ်သည်။

ရှင်းဟယ်က ခနဲ့သလိုပြုံးလိုက်သည်။

“နင် ခုလိုအချိန်မျိုးမှာတောင် ရူးချင်ယောင်ဆောင်ဦးမယ်ပေါ့၊ အကုန်ရှင်းပြ အဲလိုမှမဟုတ်ရင် ငါနင့်ကို သတ်ပစ်မယ်”

ရှမုန့်က လန့်သွားသည်။ ‘ငါ့ကိုသတ်မယ်’

ရှင်းဟယ်က အားမာန်အပြည့်ဖြင့် ရှေ့တစ်လှမ်းတိုးလားပြီး သူမမျက်လုံးများမှာ လက်တုံ့ပြန်ချင်စိတ်တို့ အပြည့်ဖြင့် ဖြစ်နေသည်။ “ငါ့အရင်ကိုယ်ကို စွန့်ပစ်လိုက် ရလည်း ကိစ္စမရှိဘူး၊ အဲဒါက အခွံသက်သက်ပဲဟာ၊ ငါ နင့်ကိုယ်နဲ့ဆက်နေလို့ရနေတာပဲဟာ။ ဒါပေမဲ့ နင်ကတော့ တစ်သက်လုံး အိပ်နေရတော့မှာ၊ ငါက သေချာပေါက် နင်ပြန်မနိုးလာအောင်ကိုလုပ်ပေးမှာ”

“အဲလိုလုပ်ဖို့ နည်းလမ်းအများကြီးရှိတယ်” ဟု မုပိုင်က အေးစက်စွာပြောလိုက် သည်။

သူတို့ ထိုမျှ ရက်စက်ကြလိမ့်မည်ကို ရှမုန့် မထင်ထားမိချေ။ သို့သော် သူမက အမှားလုပ်ထားလေသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Tempat cerita menjadi hidup. Temukan sekarang