အခန်း ၂၅၈

1.5K 80 1
                                        

အခန်း ၂၅၈ ။ မီးကို မီးဖြင့် တိုက်ခြင်း

“ရှင်းဟယ်ရဲ့ အသက်ကို မင်းအန္တရာယ် ပေးပြီးတဲ့နောက် ငါက မင်းရဲ့ဖက်မှာ နေသင့်တာလား”

မုပိုင်က ချက်ကျ လက်ကျ အမေးထုတ်လိုက်သည်။ ထျန်ရှင်းက သူမပါးစပ်ကို လက်ဖြင့် ကာလိုက်၏။ သူမမျက်နှာ၌ မယုံနိုင်မှုများ စိတ်ရှုပ်ထွေးမှုများ ကြောက်လန့်မှုများနှင့် ကျန်သည့် စိတ်ခံစားချက်များ လျောထွေးနေပေ၏။

သူဘာပြောလိုက်တာလဲ။ သူဘယ်လိုလုပ် ရှာတွေ့သွားတာလဲ။

ပြီးနောက် ထျန်ရှင်း၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာတော့သည်။ သူမက ဒဏ်ရာရထားသည့် တိရစ္ဆာန်တစ်ကောင် သဖွယ် မုပိုင်ကို ညည်းညူ ပြောဆိုလိုက်၏။

“ရှီးမုပိုင် ဒီလို ကိစ္စမျိုး ကျွန်မကို ဘယ်လိုလုပ် စွပ်စွဲနိုင်ရတာလဲ။ ဒီခွေးမအတွက် ကျွန်မရဲ့ အချစ်တွေကို  ရှင် သစ္စာဖောက်ခဲ့တာ မလုံလောက်သေးလို့ အခု သူ့ဖက်မှာ ရပ်ပြီး ကျွန်မကို စွပ်စွဲနေတာလား။ ကျွန်မတို့တွေ အတူရှိခဲ့တဲ့ နှစ်တွေက ရှင့်အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူးလား”

မုပိုင်က လှောင်ပြုံးပြုံးပြီးနောက် မေးလိုက်သည်။

“ဘာအတူ ရှိတဲ့နှစ်တွေလဲ။ ငါတို့ နှစ်ယောက်ကြားမှာ ဆက်ဆံရေး တစ်ခု ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး”

ထျန်ရှင်းသည် ထိုးချခံလိုက်ရသည့် အလား နောက်သို့ တစ်လှမ်းဆုတ်လိုက်၏။

“ဘယ်တုန်းကမှတဲ့လား။ ကျွန်မရှင့်ကို မယုံဘူး။ ရှင် ကျွန်မ အပေါ် လုံးဝ စိတ်ဝင်မစားခဲ့ဘူးဆိုတာ ကျွန်မ မယုံဘူး”

“မင်းက ငါ့ရဲ့ စိတ်ဝင်စားမှုနဲ့ မထိုက်တန်ဘူး”

မုပိုင်က အကြင်နာမဲ့စွာထပ်ပြောလိုက်သည်။

ယင်းက ထျန်ရှင်း၏ နှလုံးသားကို နောက်ထပ် ထိုးနှက်လိုက်ပြန်သည်။ ငါက မထိုက်တန်ဘူးလို့ ရာရာစစ သူပြောရဲတယ်ပေါ့”

“ဟဟ ကျွန်မက မထိုက်တန်ရင် သူထိုက်တန်တယ်လို့ လာမပြောလေနဲ့”

ထျန်ရှင်းက ရှင်းဟယ်ကို လက်ညှိုးထိုးလိုက်၏။

“သူက အဖက်ဖက်မှာ ကျွန်မထက် နိမ့်ကျတယ်။ ကျွန်မက မထိုက်တန်တဲ့ အချိန် သူက ဘယ်လိုလုပ် ထိုက်တန်မှာတဲ့လဲ။ ကျွန်မကို ရှင်းပြ”

ဝေးလွင့်ပြီးသော အတိတ် (၂)Où les histoires vivent. Découvrez maintenant