အခန်း ၂၃၂။
အဆင့် မြှင့်တင်မှု ပြီးမြောက်သွားသည်
အကြီးအကဲရှီး ထိုမျှ ပျော်နေတာကို မည်သူမှ မတွေ့ခဲ့ဘူးပေ။ သူ၏ ပျော်ရွှင်စွာ ပြောဆိုနေသံကိုတောင် ကြားနိုင်ပေ၏။
လူတိုင်းက ရို့ပင်းကို တန်းဆီ ချီးကျူးနေကြသည်။ ခြွင်းချက် တစ်ခု ရှိပေ၏။ အစည်းအဝေး အခန်းတံခါး အပြင်ဖက်တွင် မုပိုင်က ရပ်နေပြီး ရှင်းဟယ်ကို ဖုန်းခေါ်လိုက်သည်။
“မင်းဘယ်မှာလဲ”
သူက မေးလိုက်၏။
ရှင်းဟယ်သည် ဖုန်းကိုင်ထားသော်ငြား သူမ၏ အာရုံစိုက်မှုက နည်းပညာများ လှုပ်ရှားနေသည့် မော်နီတာပေါ်တွင်သာ ရှိသည်။
“ဓာတ်ခွဲခန်းထဲမှာ ထုတ်ကုန်ကို အပြီးသတ်နေတာ”
“ရို့ပင်က သူ့ပစ္စည်းနဲ့ အတူ ဒီကိုရောက်လာပြီးပြီ။ မကြာခင် ခွဲစိတ်တော့မှာ”
ရှင်းဟယ်၏ တုံ့ပြန်မှုကို အနည်းငယ် တုံ့နှေးသွားစေ၏။ ပြီးနောက် သူမက ဆက်မပြောခဲ့ပေ။ ထိုထက်ပို၍ ဘာမျှ ဖြစ်မလာတော့။ သူမက မေးမြန်းလိုက်၏။
“ခွဲစိတ်မဲ့ အချိန်က ဘယ်အချိန်လဲ”
“နေ့လယ်တစ်နာရီ”
ယခု ဆယ့်နှစ်နာရီ ကျော်ပြီ ဖြစ်ရာ အချိန်ရှိသေးသည်။
ရှင်းဟယ်က ညင်သာစွာ ပြန်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်။ တစ်နာရီ မတိုင်ခင် ကျွန်မ အဲဒီကို အရောက်လာခဲ့မယ်”
“အကူအညီလိုရင် ကောင်းပြီ အကူအညီလိုရင် ကိုယ့်ကို ခေါ်လိုက်”
“ကျေးဇူးတင်ပါတယ်”
တစ်ပြိုင်နက်တည်း ဖုန်းချလိုက်၏။
မုပိုင် တစ်ဖက်သို့ လှည့်ထွက်သွားသည့် အချိန်တွင် အခန်း၏ ထွက်ပေါက်၌ ရှိနေသည့် ထျန်းရှင်းကို တွေ့လိုက်ရသည်။
“မုပိုင် ရှင်ဘယ်သူ့ကို ဖုန်းခေါ်နေတာလဲ။ ရှရှင်းဟယ်လား”
ထျန်းရှင်းက မေးပြီးနောက် မျက်ဝန်းများဖြင့် မှေးကျဉ်းကြည့်လိုက်သည်။
BINABASA MO ANG
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...