အခန်း ၂၂၆။
ကျောချမ်းဖွယ် လှောင်ပြုံး
သူမအမိန့်ကို လိုက်နာမည့် အကောင်းစားခိုင်းဖက်ကို သူမ ရှာတွေ့သွားလေသည်။
ထို့ကြောင့် ယမန်နေ့၌ ဖုန်းပြောနေစဉ် ရို့ပင်း တမင် ထျန်းရှင်းကို ဆွပေးလိုက်ခြင်းဖြစ်သည်။ သူမ ချူထျန်းရှင်းကို အသုံးချပြီး ရှင်းဟယ်ကို တိုက်ခိုက်မည်ဖြစ်သည်။
ရို့ပင်းက သူမ အကြံအဖန်များကို တီထွင်ကြံဆဉာဏ်ကြောင့် ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်ကာ ဘဝင်ခိုက်နေသည်။
ရှရှင်းဟယ် နင်က အရမ်းတော်ပေမဲ့ နင်သာ သေသွားရင် အဲဒီအရည်အချင်းတွေက ဘာလုပ်လို့ရဦးမှာလဲ။
နင်မကြာခင်သေတော့မှာ။
သူမအကြံအဖန်ကိစ္စတွင် သူမကိုယ်တိုင်တောင် မဝင်ပါပေ။
ရို့ပင်းမှလွဲ၍ ထျန်းရှင်း၏ ကြင်နာပြီး သိက္ခာရှိလှသော အပြုအမူနောက်ကွယ်တွင် အငြှိုးကြီးပြီး စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်သော အကျင့်စရိုက်ရှိလေသည်။
ထျန်းရှင်း ထိုကဲ့သို့ ဖြစ်ရသည့်အကြောင်းရင်းမှာ သူမ ငယ်စဉ်ကတည်းကလိုချင်တာ ရခဲ့၍ ဖြစ်နိုင်သည်ဟု ရို့ပင်း ယုံကြည်လေသည်။ အကယ်၍ သူမ လမ်းတွင် တစ်စုံတစ်ယောက်လာပိတ်ပါက ရူးလောက်သည့်၊ စည်းကျော်သည့်နည်းလမ်းများကို ထုတ်သုံးလာနိုင်လေသည်။
ထျန်းရှင်း၏ ထိုအမှောင်တစ်ဖက်ခြမ်းကို ရို့ပင်း ဟိုးနှစ်များကတည်းက သိခဲ့သည်။ သူမ တွေးမိလိုက်တိုင်း ကြက်သီးထသွားသည်။
ထိုချိန်က သူတို့အားလုံး ကျောင်းတက်သည့်အရွယ်ပဲရှိသေးသည်။ သူတို့အတန်းဖော်ထဲတွင် မုပိုင်ကို ကြိတ်ကြိုက်နေသည့်ကောင်မလေးရှိခဲ့ရာ ထိုမိန်းကလေး၏မိသားစုသည် ရှီးမိသားစုနှင့် ရင်းနှီးကြတာကြောင့် ထိုမိန်းကလေးမှာ မုပိုင်နား ချဉ်းကပ်နိုင်သည့် အခွင့်အရေးများစွာရှိခဲ့သည်။
ထျန်းရှင်းသည် သူမ၏ယုံကြည်မှုကို ရရန် သူမနှင့် သူငယ်ချင်းလုပ်ခဲ့သည်။
သူတို့ အတန်း စခန်းချခရီးထွက်ချိန်တွင် ထျန်းရှင်းက သူမ၏ အကြံဆိုးကို လုပ်တော့သည်။
BINABASA MO ANG
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...