အခန်း ၂၁၇

1K 75 2
                                    

အခန်း ၂၁၇။

ငါ့မျက်နှာကို မရိုက်နဲ့

သူမစိတ်ထဲတွင် စိတ်လှုပ်ရှားမှုတို့က အရာအားလုံးကို စိုးမိုးနေပြီး စိုးရိမ်ပူပန်မှုနှင့် သတိတရားတိုကိုပါ လျော့ကျသွားစေ၏။

သူမလုပ်ခဲ့သူမျှ အရာအားလုံးသည် အောင်မြင်မှုနှင့် ကျော်စောမှုတို့ကို ဖမ်းဆုတ်နိုင်ပြီ ဖြစ်၏။ သူမအပြင် ထျန်းရှင်းကလည်း စိတ်လှုပ်ရှားနေ၏။

လူလုပ်လက်တုကို ပြီးပြည့်စုံအောင် လုပ်ဆောင်ပေးမည်ဟု ရှင်းဟယ်ကတိပေးတာကို သူမ ပထမဆုံး ကြားစဉ်က ရှင်းဟယ် အောင်မြင်လိမ့်မည်ဟု မယုံသော်ငြား မစိုးရိမ်ပဲ မနေနိုင်ချေ။ ရှင်းဟယ် တစ်စုံတစ်ခု ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်မှာကို စိုးရိမ်ပူပန်နေမိသည်။ သူမက မဆောင်ရွက်နိုင်ခဲ့လျှင် သူမအပေါ် ရှီးမိသားစု၏ သဘောထားက တစ်ရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းလဲသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် မုပိုင်ကို ပြန်လည်လက်ထပ်ရန် ရှင်းဟယ်၏ အစီအစဉ်က ပြီးမြောက်ရန် တစ်လှမ်းပိုကပ်သွားမှာပဲ ဖြစ်သည်။ အကြောင်းမှာ ရှီးမိသားစုက သူမဖက်တွင် ရပ်တည်တော့မည် မဟုတ်တော့ကြောင့် ဖြစ်သည်။ ရို့ပင်းက သူမကို လာရောက် ကယ်ဆယ်ပေး၏။ ယခု ဓာတ်ခွဲခန်းထဲမှ ရှင်းဟယ်မောင်းထုတ်ခံရပြီ ဖြစ်ကာ သူမ၏ အစီအစဉ်သည် နှောင့်နှေးသွားပေလိမ့်မည်။ ထိုနည်းဖြင့် တန်ဖိုးကြီး အခွင့်အရေးကို ဆုံးရှုံးပြီးနောက် ရှင်းဟယ် ပြန်လာနိုင်တော့မှာ မဟုတ်ပေ။ ယင်းက မုပိုင်ကို သူမလိုက်ရန် အခွင့်အရေးပေးပြီး သူ့ကို သူမဆီ ပြန်ဆွဲခေါ်နိုင်ရန် အခွင့်အရေး ပေးနေ၏။

ထျန်းရှင်းက တောက်ပစွာ ပြုံးလိုက်ပြီး နတ်ဘုရားများသည် သူမ၏ သံသယတို့ကို ထပ်မံ အတည်ပြုလိုက်ကြောင်း သဘောပေါက်သွားရ၏။

ရှရှင်းဟယ်သည် အမှိုက်တစ်ဆနှယ် လူ့အသိုင်းအဝိုင်းအောက်ခြေ၌ ရုန်းကန်ရမည့် ကံကြမ္မာ ပါပြီးသား ဖြစ်ရာ သူမကို ဘယ်တော့မှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ပေ။

ဒါက ဘုရားသခင်ရဲ့ အမိန့်ပဲ။ ရှရှင်းဟယ်က အပြစ်ရှိတဲ့ မိန်းမပဲ။ ဒါပေါ့ အပြစ်ခံသင့်တယ်။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora