အခန်း ၂၃၃။
ရှရှင်းဟယ် နောက်ဆုံးတော့ ဒီရောက်လာပြီ
ရှင်းဟယ် မဖြေရသေးခင် ရှကျီက စိတ်အားထက်သန်စွာ ပြောလိုက်၏။
“ဒါပေါ့ ဆေးရုံကို သွားကြမှာပေါ့။ ဟုတ်တယ်မလား။ အစ်မ”
ရှင်းဟယ်သည် သူတို့၏ မျှော်လင့်စောင့်စားနေသော အကြည့်များကို သတိပြုမိသောအခါ မပြုံးပဲ မနေနိုင်တော့ပေ။
“မင်းပြောတာ မှန်တယ် ငါတို့ အခု ဆေးရုံသွားသင့်ပြီ။ အဲဒီလူတွေကို မျက်နှာ ဖျက်ရိုက်ဖို့ အချိန်ရောက်ပြီပေါ့”
ရှကျီနှင့် လော့ကျွင်းက ပျော်ရွှင်သွားကြ၏။
ရှင်းဟယ်အတွက် ပျော်ရွှင်ရန် ရှကျီက အကြောင်းပြချက်ပေါင်းများစွာရှိသည်။ သို့သော် အချို့သော အကြောင်းပြချက်ကြောင့် လော့ကျွင်းကိုယ်တိုင်သည်လည်း ရှင်းဟယ်ဆီ၌ ပိတ်မိနေ၏။
သူတို့ ဆေးရုံသို့ ရောက်သည့် အချိန်တွင် သူတို့ကို စောင့်ဆိုင်းနေသည့် ချန်အန်းနှင့် တွေ့၏။
“မစ္စရှ နောက်ဆုံးတော့ ဒီရောက်လာပြီ။ ဥက္ကဋ္ဌရှီးက မစ္စကို ဝင်ပေါက်မှာ လာကြိုဖို့အတွက် ကျွန်တော်ကို စောင့်ခိုင်းထားတာ။ ကံကောင်းလို့ နောက်ဆုံးတော့ ရောက်လာပြီပဲ”
ချန်အန်းသည် ပျော်ရွှင်စွာ ပြုံးပြီးနောက် စိတ်ထဲ ကြိတ်သက်သာရာ ရသွားသည်။ရှင်းဟယ်က ချက်ချင်းပင် အလုပ်ကိစ္စများ မေးလိုက်တော့၏။
“ခွဲစိတ်မှု စပြီလား”
“မကြာခင် စမှာပါ”
“အခုပဲ ငါတို့ကို အဲဒီနေရာ ခေါ်သွားပေး”
“ဒီလမ်းပါ”
ချန်အန်း ဦးဆောင်မှုနှင့် မကြာမီ၌ သူတို့သည် ထိပ်ဆုံးအလွှာသို့ ရောက်သွားကြသည်။
ရှီးသခင်မကြီးက ခွဲစိတ်ခန်းမဆီသို့ ဘီးတပ် ကုလားထိုင်ဖြင့် ဝင်သွားတော့မှာ ဖြစ်သည်။
ဆရာဝန်များကလည်းဝိုင်းဖွဲ့နေ၏။ ရှီးမိသားစုဝင်များကလည်း ခွဲစိတ်ဆောင် အပြင်ဖက်၌ စောင့်ဆိုင်းနေကြသည်။
BẠN ĐANG ĐỌC
ဝေးလွင့်ပြီးသော အတိတ် (၂)
Lãng mạnကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...