အခန်း၂၄၅။
ရှီးမျိုးရိုး မဟုတ်တော့ဘူး
“သူမြင်တာဆိုလို့ အကျိုးအမြတ်ပဲရှိမှတော့ သူမမှာအသည်းနှလုံးမရှိဘူးလေ။သူမ အောင်မြင်ဖို့အတွက်နဲ့သူမကို ထိန်းကျောင်းပေးတဲ့ သခင်မကြီးရှီးကိုတောင် ရောင်းစားနိုင်သေးတာပဲ၊ သေချာပေါက် အသည်းနှလုံးမရှိဘူးပေါ့"
"သူမကိုအရမ်းချစ်ပေးခဲ့တဲ့ သခင်မကြီးရှီး သနားပါတယ်၊ သူမတော့သူမရဲ့မွေးစားမြေးမလေးက သူမကို သစ္စာဖောက်သွားတော့ သူမခံစားနေရတော့မှာပဲ…"
"ငါတို့ကတော့ နောက်ကျောဓားနဲ့ထိုးမဲ့ ဝံပုလွေကို မွေးလာခဲ့မိတာပဲ"
ရှင်းဟယ် ထင်သည့်အတိုင်း ရှီးမိသားစု ရို့ပင်းဖက်သို့လှည့်သွားကြသည်မှာ မြန်ပေသည်။
သူတို့ယုံကြည်မှုကို ရို့ပင်းသစ္စာဖောက်လိုက်၍ သူတို့ ဒေါသမှာ လောင်စာဆီကန်ထဲသို့ မီးခြစ်ဆံထည့်လိုက်သလိုဖြစ်သွား၏။
စောနကပင် ရို့ပင်းအပေါ် ထားရှိသည့် သူတို့ယုံကြည်မှုမှ ဒေါသသို့ ပြောင်းသွားလေသည်။
ထို့ပြင် ရှီးမိသားစုက အလွန်မာနကြီးသောမိသားစု ဖြစ်တာကြောင့် သူတို့ကို အရူးလုပ်ခံရသည်ကို ငြိမ်ခံနေမည်မဟုတ်။
ထို့ပြင် ရို့ပင်း၏လုပ်ရပ်က မိသားစု၏ အမျိုးသမီးအိမ်ထောင်ဦးစီးကိုထိခိုက်သွားစေသည်။ ၎င်းက ခွင့်လွှတ်၍ မရသောလုပ်ရပ်ဖြစ်၏။
ချက်ချင်းဆိုသလိုပင် အားလုံး၏ဒေါသက ရို့ပင်းကို ဦးတည်သွားသည်။
သခင်ကြီးရှီးက ဒေါသတခြောင်းခြောင်းထွက်နေ၏။
“ယွင်ရို့ပင်း မင်း ရှီးမျိုးရိုးကို လက်ခံဖို့ မထိုက်တန်တော့ဘူး။ အခုချိန်ကစပြီး မင်းက ရှီးမိသားစုဝင်မဟုတ်တော့ဘူး၊ ပြီးတော့ ရှီးအိမ်တော်ထဲကို ဝင်ခွင့်ပိတ်လိုက်ပြီ”
“အဘိုးရှီးပြောတာမှန်တယ်၊ မင်း ရှီးမျိုးရိုးနဲ့မထိုက်တန်ဘူး”
“မဟုတ်ဘူး…” ရို့ပင်း အရှက်ကွဲသွား၏။ သူမ ထိုကဲ့သို့အခြေအနေဆိုးသွားမည်ကို မမျှော်မှန်းထားမိပေ။
VOUS LISEZ
ဝေးလွင့်ပြီးသော အတိတ် (၂)
Roman d'amourကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...