အခန်း ၂၄၂။
ရှက်လွန်း၍ မျက်နှာပူနေရ
သခင်မရှီးပင် သူမကို ကျောခိုင်းထားလေသည်။
“ကဲ ယွင်ရို့ပင်း၊ ငါတို့ နင်ရှင်းပြမှာကို စောင့်နေတယ်၊ နားထောင်ဖို့ အသင့်ဖြစ်နေပြီ၊ ဒါဘာလို့ ဖြစ်လာရတာလဲ”
“ကျွန်မ၊ ဒါပေမဲ့ ကျွန်မတကယ်မသိဘူး၊ အားလုံးက အဆင်ပြေနေတာပဲကို…”
ရို့ပင်း ထစ်ထစ်ငေါ့ငေ့ါဖြင့် ပြောလာ၏၊ သူမခန္ဓာကိုယ်ကတော့ သူမ
မျှော်လင့်ချက် ပျက်သုဉ်နေကြောင်း သက်သေပြနေသည်။“ဒါပေမဲ့ နင်က ဘယ်လိုလုပ်မသိရတာလဲ” ဟု သခင်မရှီးက ဖိအားပေးလိုက်သည်။
“ပစ္စည်းက ဘာဖြစ်သွားတာလဲဆိုတာ သူမသိတာ သေချာတာပေါ့။
အစကတည်းက ဒီဇိုင်းက သူမဟာမှမဟုတ်တာ”ရှင်းဟယ်၏ ကြည်လင်သော အသံက လူကြားထဲ ထင်းသွား၏။
သူတို့ သူမဖက်သို့ ချက်ချင်း လှည့်လာသည်။
သူမ အေးဆေး သူတို့ဆီ လျှောက်သွားလေသည်။ သူမ၏ယုံကြည်ချက်က
အားလုံးကို တိတ်သွားစေသည်။ရို့ပင်းသည်လည်း သူမဖက်သို့ ကြည့်နေပြီး စိုးရိမ်တကြီးဖြင့် မျက်လုံး
ပြူးကျယ်နေသည်။သူမ နောက်ဆုံးတော့ ဘာမှားနေလဲဆိုတာကို နားလည်သွား၏။ ရှင်းဟယ်က အစကတည်းက သူတို့ကို ဒီဇိုင်းက အတုပါဟူ၍ပြောခဲ့သည်။
ဒါဆို သူမကိုင်ထားသည်ကမှ အစစ်ပေါ့။
မကြာခင် အမှန်တရားက ပေါ်လာတော့မည်ဖြစ်၍ ရို့ပင်း ချွေးစီးများပြန်လာသည်။
အကယ်၍ ယခင်က သူမ တုန်လှုပ်နေခဲ့တာဆိုပါက ယခု…သူမအတွက်
ကောင်းကင်ကြီး ပြိုကျလာသလိုပင်။ရှင်းဟယ် သူမကို မဖော်ထုတ်လာအောင် ဆုတောင်းနေရန်ကိုသာ သူမ
ရွေးချယ်စရာ ရှိတော့သည်။ဒါပေမဲ့ အဲဒါက ဖြစ်နိုင်လို့လား။
ရှင်းဟယ်၏နောက်တစ်ခွန်းက ကျိုးပဲ့လုနီးနီးဖြစ်နေသော သူမနှလုံးသားကို
ထိုးဖောက်သွား၏။
KAMU SEDANG MEMBACA
ဝေးလွင့်ပြီးသော အတိတ် (၂)
Romansaကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...