အခန်း ၂၅၁

1K 83 1
                                    

အခန်း ၂၅၁။

ဆာလောင်နေသော အမဲလိုက်ခွေးနှစ်ကောင်

ထိုလူနှစ်ယောက်သည် သူမကို ခြိမ်းခြောက်ပြီးနောက် ထွက်သွားတော့သည်။ ထိုစဉ် ရှင်းဟယ်၏ ဖုန်းက မြည်လာတော့သည်။

ဤနေရာသို့ ထွက်လာစဉ်တွင် ပြန်ပေးဆွဲသမားများက သူမကို ဘာမှ မလုပ်ခဲ့ပေ။ သူမ၏ ဖုန်းကိုတောင် မသိမ်းခဲ့ပေ။ သူတို့က မယုံနိုင်စရာ ကောင်းလောက်အောင် တုံးအလွန်းတာ သို့မဟုတ် ထိုလူများ တစ်ခုခု ကြံစည်နေတာ ဖြစ်နိုင်သည်။ ထိုလူနှစ်ယောက်သည် ပြန်ပေးဆွဲ သမားများကဲ့သို့ မပြုမူ သူတို့က မကျွမ်းကျင်ကြပေ။

ရှင်းဟယ်က နှာတစ်ချက် ရှုံ့ပြီးနောက် သူမဖုန်းကို ဖြေလိုက်၏။ ဖုန်းခေါ်သူက မုပိုင် ဖြစ်သည်။ သူတို့ နောက်ဆုံးဖုန်းခေါ်ပြီးတာ မိနစ်သုံးဆယ် ကြာပြီ ဖြစ်၏။ ရှင်းဟယ် မရောက်လာသေးသောကြောင့် သူစိုးရိမ် ပူပန်နေတာပဲ ဖြစ်သည်။

“မင်း ရောက်ခါနီးပြီလား။ မုပိုင်က အသံတိုးတိုးဖြင့် မေးလိုက်သည်။

“လမ်းပိတ်နေလို့လား”

“ကျွန်မ ပြန်ပေးဆွဲ ခံလိုက်ရတယ်”

ရှင်းဟယ်က တန်းပြောလိုက်သည်။

“ဘာ...”

မုပိုင်သည် စားသောက်ဆိုင်ထဲတွင် ထမအော်မိစေရန် အကောင်းဆုံး ကြိုးစားထိန်းလိုက်၏။

“မင်းအခု ဘယ်မှာလဲ”

သူ၏ မျက်နှာချင်းဆိုင်တွင် ရှိသော လင်းလင်းက သူ့တုံ့ပြန်မှုကို မြင်သော အခါ ထိုင်ခုံမှ ကြွလာတော့သည်။ အနက်ရောင် မျက်ဝန်းတစ်စုံက မုပိုင်ဆီတွင်သာ အကြည့်ရောက်နေ၏။

“မြို့အပြင်က စွန့်ပစ်ထားတဲ့ သိုလှောင်ရုံ တစ်ရုံးမှာ။ ပထမ ဆေးရုံနဲ့ ဆယ့်ငါးမိနစ်လောက် ဝေးတယ်”

ရှင်းဟယ်က တည်တည်ငြိမ်ငြိမ် ရှင်းပြလိုက်သည်။

“ဆေးရုံကနေ ထွက်လာပြီး အနောက်ဖက်ကို ဆယ်မိနစ်လောက် မောင်းလာပြီးရင် ခေါင်းလောင်းမျှော်စင်ရဲ့ အသံကို ရှင်ကြားရလိမ့်မယ်။ ပြီးရင် နောက်ထပ် ငါးမိနစ်လောက် ထပ်မောင်းလိုက်တဲ့ အချိန် ကျွန်မရှိနေတဲ့ နေရာနားရောက်လာမယ်။ အခု အလုပ်ရုံ တစ်ခုထဲမှာ ကျွန်မ ပိတ်မိနေတာ။ အခုတော့ ပြန်ပေးဆွဲ သမားတွေ သွားပြီ။ သူတို့က ကျွန်မကို သတ်ဖို့ စီစဉ်ထားတာလို့ ယူဆမိတယ်”

ဝေးလွင့်ပြီးသော အတိတ် (၂)Tempat cerita menjadi hidup. Temukan sekarang