အခန်း ၃၀၃

625 45 1
                                    

အခန်း ၃၀၃။ အစာအကျွေးလွန်သွားခြင်း

သူ ရှင်းဟယ်နှင့် ကလေးမွေးမည့်အကြောင်းပြောစဉ်က ယဲ့ရှန်ဆီ အပြေးသွားကာ နားရင်းအုပ်မိလုနီးပါး ဖြစ်သွား၏။

သူ့စကားများက ရှမုန့်ကို ရည်ညွှန်းသော်လည်း မုပိုင်က ခွင့်လွှတ်မပေးနိုင်ပေ။

ရှင်းဟယ်က ခေါင်း အသာလေးညိတ်လိုက်ပြီး ထောက်ခံလိုက်သည်။ 'ယဲ့ရှန်က တကယ် သေခြင်းကို ဖိတ်ခေါ်နေတာပဲ'

သူမ ယဲ့ရှန်ဆီမှ အချက်အလက် လိုအပ်နေသေး၍သာ၊ ထိုသို့မဟုတ်ပါက သူမ သူ့ကို နင်းချေပြီးပြီဖြစ်မည်။သူက အသုံးဝင်နေသေးတာကြောင့် သူမ သူ့ကို ခဏမျှလွှတ်ထားဦးမည်ဖြစ်၏။

"ဘာလုပ်ဖို့ စီစဉ်ထားလဲ" မုပိုင်က သူမနှင့် မျက်ချင်းဆိုင်၌ ထိုင်လိုက်ပြီး မေးလာသည်။

"ဘာလုပ်နိုင်ဦးမှာလဲ။ သူ့တောင်းဆိုချက်တွေကို အကြိုက်လုပ်ပေးရမှာပေါ့" ဟု ရှင်းဟယ် က ဉာဏ်များလှသော အပြုံးဖြင့် ပြောလာသည်။

မုပိုင်ကလည်း သူမစကား၏အနက်ကို မသိလောက်ရသည်အထိ မရိုးအပေ။

သူက မျက်ခုံးကို အသာပင့်ကာ "အဲဒါ မင်းဘာကို ဆိုလိုတာလဲ"ဟု စနောက်လာသည်။

ရှင်းဟယ်က ပြုံးလိုက်ပြီး "ကျွန်မ သူတောင်းဆိုထားတာထက် ပိုပေးလိုက်မယ်လေ"ဟု ပြန်ဖြေလိုက်သည်။

...

ရှင်းဟယ်က ယဲ့ရှန်၏ တောင်းဆိုချက်များကို ချက်ချင်း သဘောမတူလိုက်ဘဲ
ရက်အနည်းငယ်လောက် အချိန်ဆွဲထားလိုက်သည်။ ယဲ့ရှန်ကုမ္ပဏီကဒေဝါလီခံရမည့်ဆဲဆဲ ဖြစ်နေ၍ သူမဆီသို့ သူရောက်လာသည်အထိ စောင့်လိုက်သည်။

သို့သော် သူမ အလွယ်တကူဖြင့် သဘောမတူလိုက်ချေ။

ရှင်းဟယ်က ခပ်တည်တည်ဖြင့် ယဲ့ရှန်ကို "ငါ့အဖေက ရှီးမိသားစုကို တစ်ခါ
ကူညီထားလို့ သန်း၅၀၀ကို ရုတ်တရက်ကြီး တောင်းလိုက်ရအောင်ကလည်း သန်း၅၀၀က နည်းတဲ့ပိုက်ဆံ မဟုတ်ဘူးလေ။ သူတို့က ငါ့ကို သန်း၃၀၀ပဲ ပေးနိုင်တယ်၊ အဲဒါကို ယူသွားရင်ယူသွား၊ အဲလိုမှမဟုတ်ရင်လည်း ပြန်လိုက်တော့" ဟု ပြောလိုက်သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Dove le storie prendono vita. Scoprilo ora