အခန်း ၂၂၀

1.1K 101 5
                                    

အခန်း ၂၂၀။

ထိတွေ့မှု မရှိ

သူ၏ မေးခွန်းကို ပြန်မဖြေဘဲ ရှင်းဟယ်က မေးခွန်းထဲတွင် ပြစ်တင်ရှုပ်ချမှု မရှိ။ ထိုအစား ရှင်းဟယ်က စိုးရိမ်ပူပန်မှုတို့ကိုသာ ကြားနေရသည်။

“ဓာတ်ခွဲခန်းထဲကနေ မောင်းထုတ်ခံရတဲ့ ကိစ္စကို ပြောတာလား”

“ဟုတ်တယ်။ တစ်ခုခု ဖြစ်လာခဲ့ရင် ကိုယ့်ဆီကို ဘာကြောင့် လာမပြောရတာလဲ”

သူမ မပြောခဲ့တာ သိတာသည့် အကြောင်းမှာ တခြားတစ်ယောက်ဆီမှ သူကြားခဲ့သောကြောင့် ဖြစ်သည်။ သူသည် ထိုသတင်းကို ကြားသည်နှင့် နိုင်ငံခြားမှ အစည်းအဝေးကို ရုပ်သိမ်းပြီးနောက် မြန်မြန် ပြေးလာခဲ့သည်။ တစ်ပတ်တာအတွက် ကျန်သည့် အစည်းအဝေးများကိုလည်း စီစဉ်ရဦးမှာ ဖြစ်သည်။ သို့သော် သူက ချက်ချင်းပင် လက်မှတ် တစ်စောင်ဝယ်ပြီးနောက် ပြန်လာခဲ့ကာ သူတို့ အားလုံးကို စွန့်ပယ်ထားခဲ့၏။

ရှင်းဟယ်က ဝန်ခံလိုက်ပေသည်။

“ရှင့်ကို ဆက်သွယ်ဖို့ တွေးနေတာ”

သူက သူမ တွေးထားတာထက် မြန်မြန်ဆန်ဆန် ရောက်ချလာတာပဲ ဖြစ်သည်။ မုပိုင်က အားပါးတရ ပြုံးပြီးနောက် သူမလက်ကို ရုတ်တရက်ဆွဲကာ ပြောလိုက်၏။

“လာကားထဲဝင် စကားပြောဖို့ အတွက် ပိုအဆင်ပြေတဲ့နေရာ ရှာရအောင်”

ရှင်းဟယ်က ရပ်နေသည်။

“ဒီနေရာက ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းနေတာပဲလေ”

သူမက နောက်သို့ ဆုတ်ကာ သူမလက်ကို ပြန်ဆွဲရန် ကြိုးစားလိုက်သော်ငြား မုပိုင်က သူမကို ပိုတောင် တင်းကျပ်စွာ ကိုင်ထားလိုက်သည်။

“ကိုယ်လေယာဉ်ပေါ်က ဆင်းလာခါစ မနက်ကတည်းက ဘာမှ မစားရသေးဘူး။ ဒီတော့ ညစာ စားရင်းနဲ့ ဆွေးနွေးရအောင်။ ရှင်းဟယ်သည် ယခု တစ်ခေါက်တွင် အားသုံးပြီး သူမလက်ကို ပြန်ဆွဲလိုက်၏။ သူမက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီလိုဆိုရင်တောင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဖို့ မလိုဘူး”

ပြီးနောက် သူမသည် ကကျီကကြောင် ကျမနေတော့ဘဲ ကားပေါ် တက်လိုက်၏။ မုပိုင်က စကားမဆိုဘဲ ပြုံးကာ သူ့မျက်နှာထက်တွင် တောက်ပသည့် အပြုံးရှိနေ၏။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now