အခန်း ၂၆၃

1.5K 96 1
                                        

အခန်း ၂၆၃။ ရာပေါင်းများစွာသော အရှက်တကွဲ စော်ကားချက်များ
သူက တကယ်ပဲ သူမကို ဒီတိုင်းယုံလိုက်ပြီး သူတို့နှစ်ဖက်မိသားစု၏ ဆက်ဆံရေးကို လုံးဝထည့်မတွက်ဘဲ ရှင်းဟယ်ကို ကူညီပြီး ချူမိသားစုနှင့် ရင်ဆိုင်ဖြေရှင်းပေးလေသည်။
ထျန်းရှင်း မနာလိုဝန်တိုမှုတို့ မြင့်တက်လာ၍ မိကျောင်းမျက်ရည်များပင် တိတ်သွားသည်။
“ရှင် သူပြောသမျှ အကုန်ယုံတယ်ပေါ့”
“ဟုတ်တယ်” မုပိုင် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
သူ့အဖြေက ပြတ်သားလွန်း၍ ရှင်းဟယ်သာ သူ့ကို သတ်သေရန်ပြောပါက သူသတ်သေလိမ့်မည်ဟူ၍ ထျန်းရှင်းခံစားမိလိုက်သည်။
ထျန်းရှင်း သူမ ကမ္ဘာပြိုလဲသွားသည်ကို ခံစားမိလိုက်သည်။ သူမမိဘများ အဖမ်းခံရတုန်းကထက်ပင် သူမ ပိုပြီး မျှော်လင့်ချက်တို့ပျက်သုဉ်းသွား၏။
သို့သော် ယခု မျှော်လင့်ချက်ပျက်သုဉ်းသွားမှုက လေးပင်လာပြီး သူမကို အသက်ရှုကြပ်လာစေသည်။
သူမ ရှင်းဟယ်ကို သတ်နိုင်မည့် အခွင့်အရေးလွတ်သွားပြီး ယခု မုပိုင်က ရှရှင်းဟယ်ကို မည်မျှထိ ချစ်နေသည်ကို သူမကိုယ်တိုင် မြင်လိုက်ရချေပြီ။ သူမတွင် ဘယ်အခွင့်အရေးရှိပါ့ဦးမလဲ။
သူမ သူ့ကို ဘယ်တော့မှလက်ထပ်ပြီး သူမအပိုင်လုပ်လို့မရနိုင်တော့ပေ။
မုပိုင်ကို ဆုံးရှုံးလိုက်ရသည့် မျှော်လင့်ချက်မဲ့သွားခြင်းက ထျန်းရှင်းကိုအဆက်မပြတ် တုန်ယင်နေစေတော့သည်။ တုန်ယင်နေသည်မှာ သူမကိုယ်ထဲမှ တစ်ခုခုက ဖောက်ထွက်လာသကဲ့သို့ သာမန်ရိုးကျဖြစ်မနေ၊ စိတ်အနှောင့်အယှက်ဖြစ်စေသည်…
သူမက သူတို့ကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်ပြီး စတင်ရယ်လိုက်၏။ “ရှီးမုပိုင်၊ နင် ဘယ်လိုလုပ် ဒီလောက်ထိအသည်းနှလုံးမရှိရတာလဲ၊ ငါ့မှာတော့ နင့်ကို နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး ချစ်ခဲ့ရတာကို၊ နင်ကလည်း ငါ့ကို ပြန်ချစ်သင့်တာပေါ့၊ ဒါမှတရားမှာလေ၊ နင်ငါ့ကိုဘာလို့ပြန်မချစ်တာလဲ"
မုပိုင်က ပြန်မဖြေ၊ သူမကို အေးတိအေးစက််ဖြင့် စိုက်နေ၏။
အခြားအကျင့်စရိုက်ထွက်လာသကဲ့သို့ ထျန်းရှင်းစငိုတော့သည်။ သူမနာကျင်စွာ နှလုံးကို ဆုပ်ကိုင်ပြီး ညည်းညူလေသည်။
“ငါအခုဘယ်လောက်ထိ နာကျင်နေရလဲသိလား။ နင်ငါ့ကို ဘာလို့ အဲလိုလုပ်ရတာလဲ။ ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ မင်းက ငါ့ချစ်တဲ့အမျိုးသမီးကို ထိခိုက်အောင်လုပ်လို့”
မုပိုင်၏အဖြေက သူမကို စော်ကားလိုက်သလိုပင်။
ထျန်းရှင်း သူ့စကားကြောင့် ခေါင်းက အလုပ်မလုပ်တော့သလို အေးခဲသွား၏။
“သူ့အတွက်နဲ့ ငါ့မိသားစုတစ်ခုလုံးကို ဖျက်ဆီးဖို့ဆန္ဒရှိတယ်လား” ဟု ထျန်းရှင်းက ရှင်းဟယ်ကို လက်ညှိုးထိုးပြီး မယုံကြည်နိုင်စွာ မေးလာသည်။
“ရှင်းအောင်ပြောရရင် လက်စားချေဖို့လုပ်တာ ငါပဲ” ဟု ရှင်းဟယ် သူမကို ခံစားချက်မဲ့စွာ သတိပေးလိုက်သည်။
သို့သော် ထိုစကားက ထျန်းရှင်းကို ပိုဆိုးသွားစေသည်။
ဒီစစ်ဆင်ရေးတစ်ခုလုံးက မုပိုင်၏လုပ်ပိုင်ခွင့်အောက်မှာရှိရင် သူမဂရုမစိုက်၊ ဒါပေမဲ့ သူက ရှင်းဟယ်ကိုယ်စား သူမမိသားစုကို ပစ်မှတ်ထားတယ် တဲ့လား။ ရက်စက်လှသော အမှန်တရားက သူမရင်ကို ဆုတ်ဖြဲသွား၏။
ထျန်းရှင်း ထပ်ရယ်လာပြန်သည်။ ညလေက အေးစိမ့်စိမ့်ဖြစ်လာ၍ သူမရယ်သံက ပိုချောက်ချားစရာကောင်းလေသည်။
“နင်က ငါ့ကို လက်စားချေချင်ပေမဲ့ အဲဒါက ဖြစ်လာမှာမဟုတ်ဘူး၊ ဒီည မဟုတ်ဘူး၊ ဘယ်တော့မှလည်းဖြစ်လာမှာ မဟုတ်ဘူး။ ငါဝန်မခံမချင်း နင်တို့ဆီမှာ သက်သေ ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ သက်သေမရှိရင် နင်တို့ ငါ့ကိုဘာမှလာလုပ်လို့ရမှာမဟုတ်ဘူး။ ဘယ်တော့မှပဲ၊ ငါ နင့်ကို ပြောလိုက်မယ်၊ ဘယ်တော့မှ လုပ်လို့ရမှာမဟုတ်ဘူး၊ ဟားဟားဟားဟား…”
ထျန်းရှင်း၏ ဘဝင်မြင့်နေသောရယ်သံက တဖြည်းဖြည်း စိတ်ထိခိုက်နေသည့် ရယ်သံဖြစ်သွား၏။
လေထဲ၌ သူမဆံပင်ရှည်က လွင့်နေ၍ သူမမျက်နှာတစ်ဝက်ကို ဖုံးနေသည်။
သူမ ရယ်သံက သူမအားနည်းသောကိုယ်တစ်နေရာရာမှထွက်လာသလိုပင်။
သက်တော်စောင့်များပင် သူမကိုကြည့်ရင်း ကျောများချမ်းလာသည်။
ရှင်းဟယ်က ဘာမှမဖြစ်ချေ။ သူမမျက်နှာထားက မပြောင်းလဲသွားချေ၊
အမှန်မှာ သူပျင်းစပြုလာသည်။
“နင်ရူးသွားပြီလား” သူမက ထျန်းရှင်းကို အေးတိအေးစက်ဖြင့် စိုက်ကြည့်လိုက်သည်။
“ငါနင့်သရုပ်ဆောင်ချက်တွေကိုတော့ နည်းနည်းလေးစားသွားတယ်၊ နင်သာ တောင်းပန်ရင် နင့်ကို သနားကြမှာသေချာတယ်”
၎င်းက ထျန်းရှင်းကို တိတ်သွားစေပြီး သူမက ရှင်းဟယ်ကို နာကျည်းမှုနှင့် အဆိပ်များအပြည့်ဖြင့် ကြည့်လာသည်။
ရှင်းဟယ်က လှောင်လိုက်သည်။
“လွန်ခဲ့တဲ့လအနည်းငယ်က လင်းလင်းမွေးနေ့တုန်းက နင့်ရဲ့ ပြုံးစိစိပုံကို ငါမှတ်မိသေးတယ်။ နင့်ကို အားလုံးက ပြုံးပြနေကြတဲ့ညက နင်ဒီလိုတွေ အမြန်ဖြစ်လာလိမ့်မယ်လို့နင်မထင်ထားဘူးမလား”
ရှင်းဟယ်၏ စကားက ထျန်းရှင်းကို လုံးဝစော်ကားလိုက်သလိုပင်၊ စကားတစ်ခွန်းစီက သူမရှင်းဟယ်ကို တစ်စစီလုပ်ပစ်ချင်စိတ်ပေါ်လာအောင် လုပ်နေလေသည်။
သူမမျက်နှာမှာ ဒေါသနှင့် အရှက်ရမှုဖြင့် ပူနေတော့သည်။ သူမ တစ်ခါက နင်းခြေပြီး လှောင်ပြောင်ခဲ့သော ရှရှင်းဟယ်က အချိန်တိုအတွင်း ထိပ်ကို ရောက်သွားသည့်အပြင် မုပိုင်အချစ်ကိုလည်း ရသွားသည်။
မုပိုင်နှင့် စေ့စပ်ထားသူဖြစ်သော သူမမှာ စေ့စပ်ပွဲပျက်သွားရုံသာမက သူမပိုင်ဆိုင်သမျှကို ဆုံးရှုံးရတော့မည်။
...
Zawgyi

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now