အခန်း ၃၀၀။ ကွာရှင်းမှု တစ်ခုအတွက် ယွမ် ၂သန်း
“ရှမုန့် အဲဒီမှာ ရပ်နေလိုက်”
မစ္စယဲ့က သူမကို နောက်ကို ဆွဲချချင်သော်ငြား သူ့ အစောင့်အရှောက်များက ပိတ်ဆို့လိုက်သည်။
“မစ္စရှရဲ့ ခွင့်ပြုချက် မပါဘဲ ဘယ်သူမှ ဝင်ခွင့်မရှိဘူး”
အစောင့်က သူတို့ကို စိုက်ကြည့်ကာ ကြောညာလိုက်သငည်။
“ငါက သူ့ယောက္ခမပဲ။ ဘယ်လိုတောင် ငါ့ကို တားရဲတာလဲ”
မစ္စယဲ့က စိတ်တိုတိုဖြင့် ပြန်ပြောလိုက်သည်။
အစောင့်က အထင်သတေး ပြုံးကာ“ခင်ဗျားက ကျုပ်တို့ကို လစာပေးတာလား။ မဟုတ်ဘူးမလား။ ထွက်သွားလိုက်တော့”
“နင်...”
မစ္စယဲ့က သူမဘေးတွင် ဒေါသထွက်နေပြီး ယဲ့ချင်ကလည်း သူမ အသံကုန်သုံးကာ ကျိန်ဆဲနေသည်။
သို့သော် မည်သို့ပင် သူတို့ လုပ်စေကာမူ အစောင့်များက သူတို့ကို ဝင်ခိုင်းမည် မဟုတ်ပေ။
“အမေ ရှမုန့်ဆိုတဲ့ ခွေးမက အရမ်းလွန်သွားပြီ။ သမီးတို့တွေ သူလိုချင်တဲ့ ကွာရှင်းတာကို ငြင်းဆိုရအောင် ပြီးတော့ သူတို့ သမီးတို့ကို ဘာလုပ်ရဲမလဲဆိုတာကြည့်ကြသေးတာပေါ့”
ယဲ့ချင်းက အပြင်ပိုင်းတွင် မကျေနပ်ချက်များဖြင့် ငြင်းညူးနေသော်ငြား အတွင်းပိုင်းတွင် အားကျမှုတို့က လွှမ်းမိုးနေသည်။
အားကျရသည်မှာ ရှီးမုပိုင်က ရှမုန့်ကို သိသည်သာမက သူမကို ကောင်းကောင်းလည်း ဆက်ဆံပေသည်။ ထိုဗီလာ၊ အစောင့်အစောင့်များကို မုပိုင် မခေါ်ထားလျှင် ဘယ်သူက ခေါ်ထားမည်နည်း။
မစ္စယဲ့သည်လည်း သူမ၏ သမီးနှင့် အတွေးအတူတူပင် ဖြစ်သည်။ သူမအနေဖြင့် ရှမုန့်ကို လွယ်လွယ်ဖြင့် ကွာရှင်းပေးခိုင်းမည် မဟုတ်ချေ။ အကြောင်းမှာ ထိုအမျိုးသမီးသည် သူ့သားနှင့် ဆိုင်ပြီး ထပ်ပေါင်းဆိုရလျှင် မိသားစုနှင့် သက်ဆိုင်ပေသည်။ ရှမုန့်သေသွားလျှင်တောင် သူမသည် ယဲ့မိသားစု၏ တစ္ဆေ ဖြစ်ရမည်ပင်။
![](https://img.wattpad.com/cover/323136830-288-k522031.jpg)
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...