အခန်း ၂၄၉

1.1K 97 1
                                    

အခန်း ၂၄၉။

ဟဲလို မစ္စရှ

မုပိုင်လည်း ၎င်းကို သေချာပေါက်မသိချေ။ သူမ နိုင်ငံမှထွက်သွားတော့မည်ကို သူ မသိသေးချေ။

ထိုညတွင် သူမကို သူက နောက်တစ်နေ့၌ နေ့လယ်စာသွားစားရန်ဖိတ်လေသည်။

သူမ သူ့ကို တည့်တိုးငြင်းလိုက်ပြီးနောက် သူက အလျင်စလိုဖြင့် ဆက်ပြောလာသည်။

“လင်းလင်းလည်း ပါမှာ။ သူက မင်းကို အရမ်းလွမ်းတယ်လို့ပြောနေတာ”

“ဒါပေါ့ ကျွန်မ အဲကိုလာခဲ့မယ်လေ” လင်းလင်းနာမည် ပါလာသည်နှင့် ရှင်းဟယ် ချက်ချင်း သဘောတူလိုက်သည်။

လင်းလင်းလည်း မိသားစုထမင်းဝိုင်းစစ်စစ်ကို စားရသည့်အခွင့်အရေးကို ရသင့်သည်ဟု ရှင်းဟယ်ခံစားမိသည်။ သူမက သေတော့မည်ဖြစ်၍ သူမ လင်းလင်းကို နောင်တမရစေချင်ပေ။

မုပိုင်က သူ့သားကို ဖိအားအနေနှင့် အသုံးချရသည်ကို သူရှက်နေသော်လည်း ရှင်းဟယ်က သဘောတူလိုက်ချိန် ထိုရှက်စိတ်ကို ပျော်ရွှင်မှုက ချက်ချင်း
လွှမ်းခြုံသွားလေသည်။

မိုင်ထောင်ပေါင်း ရှည်လျားသောခရီးက ခြေတစ်လှမ်းနှင့်ပဲ စတင်ရလေသည်၊ သူ ဟန်ချက်ထိန်းထားနိုင်နေသရွေ့ တစ်နေ့ကျ ရှင်းဟယ် သူ့နှင့် ပြန်ပေါင်းထုပ်မည်ဟူ၍ သူယုံကြည်လေသည်။

မုပိုင် သူတို့နေ့လယ်စာဒိတ်အတွက် အသည်းအသန်ပြင်ဆင်နေ၏။

တစ်ဖက်တွင်တော့ ရှင်းဟယ်က သာမန်နေ့ကဲ့သို့ သတ်မှတ်လေသည်။

အမှန်မှာ သူမ မနက်စောစော၌ ဆေးရုံကို ဝင်ရန်အချိန်ရလိုက်သေးသည်။

သူက သူမနှင့် ဆွေးနွေးစရာရှိသည်ဟု ပြောခဲ့သောကြောင့်ဖြစ်သည်။
ခြေလက်အင်္ဂါအတု နည်းပညာနှင့် ပတ်သက်လောက်မည်ဟု ရှင်းဟယ် မှန်းဆလိုက်သည်။

ရှင်းဟယ်ကို သူနာပြုက တွေ့ဆုံခန်းသို့လိုက်ပို့ပေးလေသည်။ သူမ ဝင်သွားသောအခါ လုချီနှင့် ဆရာဝန်အချို့က စောင့်နေကြလေသည်။

သူမနှင့် တွေ့ဆုံရ၍ ပျော်ရွှင်နေကြ၏။ သူမကို တလေးတစား ဆက်ဆံကြလေ၏။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora