အခန်း ၂၅၉။ မုပိုင်က သူတို့ကို သတ်ချင်တယ်
“လက်ဆောင်တွေ ပေးပြီးသွားရင် ကျွန်မဘာသာထွက်သွားမှာပါ။ ဒီတော့ စိတ်မပူနဲ့”
ရှင်းဟယ်က စိတ်အေးလက်အေး ဆက်ပြောလိုက်သည်။
“ကျွန်မရဲ့ ပထမဆုံးလက်ဆောင်ကို မိတ်မဆက်ရသေးဘူး။ ဒီတော့ ကျေးဇူးပြုပြီး စိတ်အေးအေးထား”
“ရှရှင်းဟယ် တော်လောက်ပြီ”
ထျန်ရှင်းက အော်လိုက်သည်။
“ဒီခွေးနှစ်ကောင်ကို ငါ့ဆီ ပြန်ပေးတာလို့ ဆက်တိုက်ပြောနေတယ်။ ဒါပေမဲ့ သူ့ကို နင့်ဆီ ငါပို့လိုက်တယ်ဆိုတဲ့ သက်သေက ဘယ်မှာလဲ။ ငါက အကြောင်းပြချက် မရှိဘဲ ခွေးနှစ်ကောင်ကို ဘာလို့ နင်ဆီ ပို့ရမှာလဲ”
ရှင်းဟယ်က ထျန်ရှင်း၏ ယုတ္တိမရှိ ပြောဆိုမှုကြောင့် ပြုံးလိုက်မိသည်။
“ကောင်းပြီ နှစ်ယောက်သား ဒီဂိမ်းကို ဆော့ပေးရမှာပေါ့”
“တကယ်ပဲ နင်က သူတို့ကို ငါ့ဆီ အကြောင်းပြချက် မရှိဘဲ ပို့လိုက်တယ်။ အခု ငါကလည်း နင့်ဆီ သူတို့ကို အကြောင်းပြချက် မရှိ ပြန်ပို့တယ်လေ။ ဒါနဲ့ ဒုတိယ ခွေးကို ငါဘယ်လောက် ဂရုစိုက်ထားလဲဆိုတာ နင်မမြင်ချင်ဘူးလား။ တစ်ချက် ကြည့်လိုက်ပါဦး အရိုးတွေအားလုံးကျိုးပဲ့နေတာကို သတိပြုမိတယ်မလား။ အရိုးကျိုးတဲ့ အသံကလေ သစ်ကိုင်းခြောက်တွေ ကြိုးတဲ့ အသံနဲ့ အတော်ဆင်တူတာ သိလား”
“ရှရှင်းဟယ် တော်လောက်ပြီ။ နင်ရူးနေတာပဲ”
ထျန်ရှင်းက သူမကို စိန်းစိန်းဝါးဝါးကြည့်ပြီး အော်ဟစ်လိုက်သည်။ ရှင်းဟယ်၏ ဖော်ပြချက်က သူမကို အမှန်တကယ် ကြောက့်လန့်စေကြောင်း သူမ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ပေ။ သူမသည် လုံလောက်အောင် ရက်စက်နေပြီဟု ထင်သော်ငြား ရှင်းဟယ်က နောက်ထပ် တစ်ဆင့်တွင် ရှိနေပေ၏။
အမဲလိုက်ခွေးနှစ်ကောင်သည် သူမကို မသတ်နိုင်ရုံသာမက အပြန်အလှန်ပင်လျှင် သေသည်အထိ ညှင်းပမ်းနှိပ်စက် ခံခဲ့ရသည်။ သူမ ထိုသို့ ပြုလုပ်ရန် သတ္တိ မည်သည့်နေရာက ရသနည်း။ သူမ ရှင်းဟယ်၏ နေရာတွင်သာဆိုလျှင် ထိုအတိုင်းသာအထိ သွားနိုင်မှာ မဟုတ်မှန်း ထျန်ရှင်း သတိပြုမိသည်။ ထို့ကြောင့် ရှရှင်းဟယ်သည် ကြောက်မက်ဖွယ်ကောင်းသည့် ရန်သူ တစ်ဦး ဖြစ်ပေ၏။ ရှင်းဟယ်က ထျန်ရှင်းကြောက်လန့်နေသည့် အငွေ့အသက်ကို ရသောကြောင့် ပြုံးလိုက်သည်။ ယင်းက သူမလိုချင်သည့် အရာ ဖြစ်သည်။
![](https://img.wattpad.com/cover/323136830-288-k522031.jpg)
ESTÁS LEYENDO
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...