အပိုင်း ၂၆၈။
သူစိမ်းရဲ့မျက်နှာ
"သခင်မလေး ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ၊ အဲလိုမှမဟုတ်ရင် ကျွန်တော်တို့ ဆေးသုံးရလိမ့်မယ်"
ရှင်ဟယ်မျက်လုံးက လှုပ်ရှားသွား၏၊ အတန်ငယ် စဉ်းစားချင့်ချိန်ပြီးနောက် လောလောဆယ်၌ သူတို့နှင့် ပူးပေါင်းတာ အကောင်းဆုံးဟုဆုံးဖြတ်လိုက်သည်။
အန်တီတင်းနှင့် သက်တော်စောင့်များက ကျေနပ်သွား၍ခေါင်းညိတ်လာ၏။ သူတို့ ဝှီးချဲလ်ကို အခန်းထဲမှ ဓာတ်လှေကားဆီသို့ တွန်းသွားလိုက်သည်။
ရှင်းဟယ်က အခန်းထဲမှ ထွက်လာလာချင်း သူမဖက်စ်ဆေးရုံတွင် ရှိနေမှန်း သိလိုက်ရသည်။
လမ်းတစ်လျှောက် သူတို့ ဆရာဝန်များ၊ သူနာပြုများ၊ လူနာများနှင့်ဧည့်သည်များကို တွေ့လာသည်။ သူတို့က သူမကို တစ်စက္ကန့်လောက်သာ ကြည့်ပြီး သူတို့အလုပ် ဆက်လုပ်နေကြသည်။
ဝှီးချဲလ်နှင့် အမျိုးသမီးတစ်ဦးက ဆေးရုံ၌ထူးဆန်းမနေချေ။
သို့သော် ရှင်းဟယ်ကိုယ်မှဆဲလ်များက တစ်ခုခုတော့ မူမမှန်ကြောင်း အော်နေတော့သည်။
ရှင်းဟယ် နိုးလာကတည်းက တစ်ခုခုမူမမှန်သည်ကို သူမခံစားမိသော်လည်း သူမ မည်မျှပင် သိရအောင်ကြိုးစားပါစေ သူမ မသိရသေးပေ။
ရှင်းဟယ် အတွေးထဲနစ်မျောနေစဉ် သူတို့ ဓာတ်လှေကားရှေ့သို့ရောက်သွား၏။
တံခါးပွင့်လာ၍ ရှင်းဟယ်လှမ်းအကြည့်တွင် သူမ အံ့ဩလွန်း၍ ဆွံ့အသွားလေသည်။
ဓာတ်လှေကားအတွင်းမှ နံရံက မှန်ကဲ့သို့ ကြည်တောက် နေသည်။
တံခါးပွင့်ပွင့်ချင်း၌ နံရံတွင် သူတို့ပုံရိပ်က ထင်ထင်ရှားရှားကို ရောင်ပြန်ဟပ်နေသည်။
သူမ ဘယ်ဘက်၌ အန်တီတင်းရပ်နေပြီး သက်တော်စောင့်တစ်ဦးက ညာဖက်တွင်ရှိပြီး ကျန်တစ်ဦးက သူမနောက်မှဝှီးချဲလ်ကို တွန်းနေသည်။
သူမကတော့ ဝှီးချဲလ်ပေါ်တွင် ထိုင်နေသည်...
သို့သော် မျက်နှာက သူမမျက်နှာမဟုတ်ချေ။ ထိုမျက်နှာက လုံးဝ သူစိမ်းတစ်ယောက်၏မျက်နှာ ဖြစ်နေ၏။
ရှင်းဟယ် ရှော့ခ်ရသွား၍ မျက်လုံးများပြူးကျယ်သွားပြီး မှန်ထဲမှထိုအမျိုးသမီးလည်း ထိုကဲ့သို့ မျက်နှာထား ဖြစ်သွားသည်။
သူမ မျက်နှာက ထိတ်ထိတ်ပျာပျာဖြစ်သွားချိန် မှန်ထဲမှအမျိုးသမီး၏ မျက်နှာသည်လည်း ထိုကဲ့သို့ ပြောင်းသွားသည်။
သူမ ခံစားချက်ကို အမြဲထိန်းထားနိုင်သည့်ရှင်းဟယ် ကြောက်ရွံ့တုန်လှုပ်သွားရှာသည်။
'ငါက ဘယ်လိုလုပ်...ဒီလိုပုံဖြစ်သွားရတာလဲ'
သူမ၏ ကြောင်တောင်တောင်အပြုအမူများကို အန်တီတင်းက ကြည့်ရုံသာ ကြည့်နေပြီး လှောင်ပြုံးပြုံးလိုက်သော်လည်း ဘာမှမပြောချေ။
ထိုအမျိုးသမီးက တကယ်ရူးသွားပြီဟု သူမထင်နေသည်။
ထို့နောက် ရူးသွားသည်ဟု ထင်လည်း မမှားချေ…
ရှင်းဟယ် သူမ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး
"ငါ့နာမည်ကဘာလဲ" ဟု ရုတ်တရက် ထမေးလိုက်သည်။
အန်တီတင်းက သူမကို ရုတ်တရက်လာကိုင်၍ လန့်သွားသည်။ သူမ
စိတ်မရှည်စွာ ရှင်းဟယ်လက်ကို ဖယ်ထုတ်လိုက်ပြီး
"သေကြောင်းကြံတာ မအောင်မြင်တော့ အခု ရူးချင်ယောင်ဆောင်နေပြန်ပြီလား။ စိတ်မပူပါနဲ့ သခင်လေးက နင်ရူးသွားရင်တောင် ကွာရှင်းပေးမှာမဟုတ်ဘူး"ဟု ပြောလာသည်။
ရှင်းဟယ် သူမကို စိုက်ကြည့်ကာ "ငါ့နာမည်ကဘာလဲ" ဟု ပြန်မေးလိုက်သည်။
ဘာကြောင့်မှန်းမသိ အန်တီတင်း သူမအပေါ်ဖိအားများလာသလိုခံစားရသည်။
သူမ နောက်ဆုံးတော့ မကျေမနပ်ဖြင့် "ကောင်းပြီ၊ တကယ်လို့ရူးချင်ယောင်ဆောင်ချင်နေမှတော့ နေပေါ့။ သခင်မလေးနာမည်က ရှမုန့်၊အမျိုးသားနာမည်က ယဲ့မိသားစုရဲ့ သခင်လေးယဲ့ရှန်" ဟုပြောလာသည်။
ရှင်းဟယ် စိတ်ရှုပ်ထွေးသွားသည်။
'ဒီရှမုန့်နဲ့ ယဲ့ရှန်ဆိုတာ ဘယ်သူတွေလဲ...'
ရှင်းဟယ် မှန်ထဲမှ သူမပုံကို ပြန်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြန်မှတ်မိလာသည်။
ရုတ်တရက် သူမ ပြန်စဉ်းစားမိသွားသည်။
"ဒါ ကျွန်တော့်လူနာပဲလေ။ သူမမျိုးရိုးက ရှပဲ။ နှစ်ယောက်က အမျိုးတော်နေမလားပဲ"
"မဟုတ်ဘူး၊ ကျွန်မ သူမကိုမသိဘူး"
"ဒါပေမဲ့ ခုကစပြီး အချင်းချင်း သိသွားကြပြီလေ။ မိတ်ဆွေဖြစ်ရတာ ဝမ်းသာပါတယ်၊ မစ္စ်ရှ"
'ဒါသူမပဲ။ ဒေါက်တာလုရဲ့ ဝှီးချဲလ်နဲ့လူနာ'
ရှင်းဟယ် အဘယ့်ကြောင့် ရုတ်တရက် ထိုအမျိုးသမီဖြစ်လာရသလဲ မသိတော့ချေ။
'ဒါပေမဲ့ ဘာလို့လဲ။ သူမ ခဏလောက် သတိလစ်သွားပြီး နိုးလာတော့ နောက်တစ်ယောက် ပြောင်းနေတယ်'
ရှင်းဟယ် ယုတ္တိတန်သည့်အဖြေကို တွေးမရချေ။
သူတို့ကားပေါ်သို့ တက်ပြီးနောက် ရှင်းဟယ်က သတိပြန်မကပ်သေးချေ။
အခြေအနေကို ရှင်းပြနိုင်မည့် အဖြစ်နိုင်ဆုံးကိုသာ လက်ခံလိုက်ပြီး သူမ ကျေနပ်လိုက်ရသည်။
ဖြစ်နိုင်တာက ရှကျီပြောခဲ့သလို သူမသေသွားပြီး အခြားသူ၏ကိုယ်ထဲ ဝိညာဉ်ဝင်သွားတာမျိုး။ ဒါက ခန္ဓာကိုယ်အသစ်ကို ကူးပြောင်းသွားတဲ့ ဇာတ်လမ်းမျိုးဖြစ်နိုင်တယ်...
…
Zawgyi
![](https://img.wattpad.com/cover/323136830-288-k522031.jpg)
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...