အခန်း ၂၀၉။
သူမ နောက်အိမ်ထောင်ပြုသွားတာ မဟုတ်ဘူးလား
ချန်းဝူက ရှေးဆန်သူဖြစ်သည်၊ သူက လင်းလင်းကို အိမ်ထောင်ကွဲမိသားစုတွင် မကြီးပြင်းစေချင်ပေ။
ရှင်းဟယ် ပြန်လည်မချေပနိုင်ခင်မှာ ရှကျီက သူမကိုယ်စား ပြောပေးလိုက်သည်။
"မဖြစ်နိုင်တာ၊ ကျွန်တော့်အစ်မက သူနဲ့ ပြန်မတွဲဘူး။ ပါး အစ်မက အရမ်း လေးစားဖို့ကောင်းတဲ့ဟာ။ ဒီလို သာမညယောက်ျားက အစ်မအတွက် ဘယ်လိုလုပ် သင့်တော်မှာလဲ"
ချန်းဝူက သိလိုစိတ်ဖြင့်မေးလိုက်သည်။ "ဒါပေမဲ့ မုပိုင်က သာမညယောက်ျားတော့မဟုတ်ဘူးမလား"
"အဲတော့ ဘာဖြစ်လဲ၊ အစ်မက သူ့ထက်ပိုကောင်းတယ်။ ထပ်ပြောရရင် အစ်မဘဝမှာ သူမကို စိတ်ပျော်အောင်လုပ်ပေးဖို့ ဘယ်ယောက်ျားမှမလိုအပ်ဘူး"
ရှကျီက သူမစိတ်ထဲက ခံစားသည့်အတိုင်း ပြောပေး၍ ရှင်းဟယ် ဝမ်းမြောက် သွားသည်။ သို့သော် သူက ရုတ်တရက် "အဲဒါကြောင့် ရှီးမုပိုင် ဒူးထောက်ပြီး အစ်မကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ရင်တော့ အစ်မနဲ့သူပြန်တွဲတာကို လက်ခံပေးပါ့မယ်"
"…" ရှင်းဟယ် ရှကျီကို ချီးမွန်းတော့မည့်စကားကို ပြန်မျိုချလိုက်သည်။
"အယ်၊ အစ်မ ဘယ်သွားမလို့လဲ" ရှင်းဟယ် အပေါ်ထပ်သို့ တက်သွားသည်ကို ရှကျီ သတိထားမိလိုက်သည်။
"အလုပ်" ရှင်းဟယ်က သွားရင်း ရှင်းပြလိုက်သည်။ ရှကျီ
အပေါ်ကို မြန်မြန်လိုက်တက်သွားသည်။သူမ ဆောင်ရွက်နေသည့် ပရောဂျက်ကို သူသိထားသည်။ သူမ ပြီးပြည့်စုံသောခြေလက်အင်္ဂါအတုကို မည်သို့လုပ်မည်ကို သူ တကယ် သိချင်မိသည်။
သူမ စာကြည့်ခန်းထဲသို့ ရောက်သည်နှင့် ရှင်းဟယ် ကွန်ပျူတာကို ဖွင့်လိုက်သည်။
သူမ မှတ်ဉာဏ်မပျောက်ခင်က သူမ၏ အရေးကြီးဒေတာများကို ကလောက်ဒ်ထဲ ထည့်သိမ်းထားလေ့ရှိသည်။
ယမန်ညကတည်းက သူမ ကလောက်ဒ်မှ သတင်းအချက်အလက်နှင့်ဖိုင်များကို ဆွဲထုတ်ထားသည်။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...