အခန်း ၂၆၀

1K 76 1
                                    

အခန်း ၂၆၀။ ဒုတိယ လက်ဆောင်

မစ္စတာချူက ယင်းသည် သူတို့ကို ထွက်သွားစေလိမ့်မည်ဟု ထင်ခဲ့တာ ဖြစ်သည်။ သို့သော် မုပိုင်ရော ရှင်းဟယ်က တုတ်တုတ်မျှ မလှုပ်ပေ။ သူတို့သည်ရဲများဝင်စွက်ဖက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိသည့် အလား တုတ်တုတ်မျှ မလှုပ်ကြပေ။

“ရဲတွေ ဒီကို ရောက်လာတဲ့ အချိန် မင်းတို့ တစ်ယောက်မှ ဒီက ထွက်သွားနိုင်မှာမဟုတ်ဘူး"

မစ္စတာချူက ခြိမ်းခြောက်လိုက်၏။

ထျန်ရှင်းက ရှင်းဟယ်ကို လက်ညှိုး ရုတ်တရက် ထိုးပြီးနောက် သတိပေးလိုက်သည်။

“နင်ပြေးရင်တောင် ငါနင့်ကို ခွင့်မလွှတ်ဘူး။ ရှရှင်းဟယ် ရာရာစစ ငါ့ကို စွပ်စွဲရဲတယ်။ နင်အပြီးသတ်သွားပြီပဲ”

“နင့်ကို စွပ်စွဲတာလား။ ချူထျန်းရှင်း ငါက သက်သေမရှိတာကြောင့် ဘာမှ မလုပ်နိုင်ဘူးလို့ နင်ထင်နေတာလား”
ရှင်းဟယ်က အေးတိအေးစက် ပြန်ပတ်ပြောလိုက်သည်။

ထျန်ရှင်း၏ မျက်လုံးထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ပေါ်လာပြီး

“နင့်မှာ သက်သေမရှိတာ ငါ့အမှား မဟုတ်ဘူးလေ။ ရှရှင်းဟယ် နင်အခု သက်သေ မပြနိုင်ရန် ဒါ အခြေအမြစ် စွပ်စွဲတာ ဖြစ်နေမှာပဲ။ ဒီတော့ နင်ဒီကနေ ရုန်းထွက်လို့ ရမယ်လို့ မထင်နဲ့ နင့်ကို တရားဉပဒေအရ ကမ္ဘာဆုံးတဲ့အထိ တရားစွဲသွားမှာ”

“ပြီးတော့ ခြိမ်းခြောက်တဲ့ ပြစ်မှု အတွက်ရောပဲ”

သူက ဒေါသတကြီး ထည့်ပြောလိုက်သည်။

“မင်း တို့နှစ်ယောက် ငါတို့ အသက်တွေကို ခြိမ်းခြောက်ပစ်နေတုန်း ငါတို့တွေ သေချာပေါက် တရားဆွဲမယ်”

“ဒါဆိုရင် လာဘ်စားတာနဲ့ လာဘ်ပေးလာဘ်ယူလုပ်တာအတွက်ရော”

ရှင်းဟယ်က ရုတ်တရက် မေးလိုက်ရာ ယင်းက ချူမိသားစုကို မှင်သက်သွားစေသည်။

“ဘာကို လာဘ်စားတာလဲ။ လာဘ်ယူလုပ်တာလဲ”

ရှင်းဟယ်က ပြုံးပြီး ရှင်းပြလိုက်သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now