အခန်း ၃၀၄

625 40 1
                                    

အခန်း ၃၀၄။ ဒီမှာ လက်မှတ်ထိုးလိုက်

အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် သူက “အဲဒါက ရှားပါး သတ္တုတစ်မျိုးပဲ” ဟု ထုတ်ပြောလိုက်သည်။

ရှင်းဟယ်က အနည်းငယ်အံ့ဩသွားကာ “သတ္တု” ဟု မေးလိုက်၏။

သူမလက်ထဲမှ အမည်းရောင် လေးထောင့်ပုံတုံးလေးကို စေ့စေ့စပ်စပ်
ကြည့်လိုက်သောအခါ ၎င်းက သတ္တုနှင့် တူသည်ကို သတိထားမိလိုက်သည်၊ ၎င်းက သာမန် သတ္တုမျိုး မဟုတ်သည်မှာ သေချာပေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက အလွန်ပေါ့နေတာကြောင့်ဖြစ်ပြီး ပေါ့လွန်း၍ ရှင်းဟယ်က ၎င်း၏အတွင်းပိုင်းက အခေါင်းပေါက်ဟူ၍ပင် ထင်ခဲ့သေးသည်။ အသေးစိတ် လေ့လာပြီးနောက် ခန့်မှန်းသုံးသပ်ချက်က မှားယွင်းနေကြောင်းပြလေသည်။

၎င်းက ရှားပါးသတ္တုဖြစ်နိုင်မည့်အချက်ကို သူမထည့်မစဥ်းစားမိလိုက်ပေ။

“ဒါ ဘယ်လိုသတ္တုလဲ” ဟု ရှင်းဟယ်ဆက်မေးလိုက်သည်။

“ဒါငါ့ပိုင်ဆိုင်မှုထဲမှာရှိမှန်း ရှင်ဘယ်လိုသိတာလဲ” ဟု ရှင်းဟယ်က
ဤမေးခွန်းကို ဖိကာမေးလိုက်သည်။

ယဲ့ရှန် ခနဲ့သကဲ့သို့ပြုံးလိုက်သည်။

"အဲဒါကလည်း မင်းနဲ့မဆိုင်ပါဘူး။ မင်း သိထားသင့်တာက အဲဒါက မင်းအတွက်အသုံးမဝင်ဘူး၊ ငါ့အတွက်ပဲ အတော် အသုံးဝင်တာ"

"ရှင့်အတွက် နည်းနည်းပဲ အသုံးဝင်တာပြောခဲ့တာမဟုတ်ဘူးလား" ရှင်းဟယ် တခစ်ခစ်ရယ်လိုက်သည်။

"ယဲ့ရှန် ငါ့ကို ထပ်မပြောပြရင် ငါတို့အပေးအယူက ပြီးပြီပဲ"

ယဲ့ရှန်က ၎င်းကို တွေးလိုက်ပြီး သူက သူမခြိမ်းခြောက်ချက်ကို လုံးလုံး
ဂရုမစိုက်သကဲ့သို့ စရယ်လေသည်။

"ရှမုန့် မင်းငါ့ကို အဲဒါမပေးရင်တောင် ငါ့မှာ အဲဒါကို ရဖို့နည်းလမ်းအများကြီးရှိသေးတယ်။ ဒါပေမဲ့ မင်းစကားလုံးတွေနဲ့ ငါ့ကို ချောင်ပိတ်ပြီး ထပ်မေးလို့ရမယ် လို့ထင်မနေနဲ့။ မဖြစ်နိုင်ဘူး။ အဲတော့ မင်း အပင်ပန်းခံကြိုးစားမနေပါနဲ့တော့"

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now