အခန်း ၂၉၆

779 47 1
                                    

အခန်း ၂၉၆။ သူမအတွက် ဘော်ဒီဂတ် ၁၀ယောက် ခန့်ထားခြင်း

အချို့သော အကြောင်းပြချက်များကြောင့် ရှင်းဟယ်သည် ပရောဂျက်ဂလက်ဆီသည် သူမ ကနဦးက ယူဆထားသည်ထက် ကြီးမားသည်ဟု ခံစားလာရပေသည်။
အန္တရာယ်ရှိသည့် နေရာတွင် သတင်းအချက်အလက် များစွာ မြှုပ်နှံထားသည့် အတွက်ကြောင့် သူမသည် ပရောဂျက် ဂလက်ဆီနှင့် ပတ်သက်ပြီး အများကြီး မသိပေ။

အကယ်၍ ထိုနေရာတွင် အန္တရာယ်များ ရှိနေလျှင်တောင် သူ့အနေဖြင့် စောစီးစွာ သိထားရန် လိုမည် ဖြစ်ပေသည်။ ထို့မှ သူ့အနေဖြင့် ဖြစ်လာမည့် အရာများကို ကြိုတင်ပြင်ဆင်နိုင်မည် ဖြစ်ပေသည်။

မပြင်ဆင်ထားသူများက အရှုံးနှင့် ကြုံတွေ့မည် ဖြစ်ကာ ပြင်ဆင်ထားသူ အဖို့ အရှုံးကို ကြုံတွေ့ခြင်း ရှိမည်မဟုတ်ဟု သူမယုံကြသည်။

ထို့ကြောင့် သူမအနေဖြင့် ရှမုန့်နှင့် ယဲ့ရှန်းလက်ထဲရှိ ဘလက်ဘောက်များကို စုဆောင်းမှ ရပေမည်။

ထပ်ပြောရပါက ယဲ့ရှန်းထံမှ အချက်အလက်များ ညှစ်ထုတ်ရမည် ဖြစ်သည်။ ထို့ကြောင့် ရှမုန့်နှင့် မှတ်ဉာဏ်ပြောင်းလဲခြင်းက သိပ်ဆုံးသည့် အရာမဟုတ်။

စတင်ရန်အတွက် ကနဦးအနေဖြင့် ရှင်းဟယ်သည် ရှဲ့ရှန်း၏ အဖေကို ရှာရမည်ပင်။ မစ္စတာယဲ့သည် သူမ ဝန်းကျင်းတွင် တွေ့ခဲ့ခြင်း ရှိပေ။

အံ့ဩစရာ မလိုဘဲ ယဲ့ရှန်း၏ အဖေသည်လည်း လွန်ခဲ့သည် အနှစ်သုံးဆယ်ခန့်က တီမြို့တော်တွင် ပေါ်လာခဲ့ပြီး လွန်ခဲ့သည့် တစ်ဆယ်နှစ်နှစ်က ပျောက်သွားခဲ့သည်။

အဆုံးသတ်ရပါက ယို့ဘင်း၊ ရှမုန့်၊ ယဲ့ရှန်း၏ အဖေများသည် ပရောဂျက် ဂလက်ဆီနှင့် ပတ်သက်နေမှန်း ရှင်းဟယ် သဘောပေါက်သွားခဲ့သည်။

ဒါဆို ဘာကြောင့် ငါ့မှ အမေလဲ။

ထိုအထဲတွင် ဖြေရှင်းရန်လိုသည့် လျှို့ဝှက်ဆန်းကြယ်မှု များစွာ ရှိနေပြီး သူမသည် အောက်ခြေမှ ဖြေရှင်းမည်ဟု ကျိန်ဆိုလိုက်သည်။

ထိုနေ့က ယဲ့မိသားစုတွင် ပွဲများစွာ ဖြစ်ခဲ့သည်။ အဖြစ်အပျက်များစွာက ၂၄နာရီထက်ကျော်အောင် ဖြစ်ခဲ့ပေသည်။ သိသာထင်ရှားသည့် အဖြစ်အပျက်များက သူတို့၏ မျှော်လင့်ချက်များနောက်ကွယ်မှ ဖြစ်ခဲ့တာ ဖြစ်သည်။ အံ့ဩမှင်သက်စရာ များစွာလည်း ဖြစ်ပွားခဲ့ပေသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Tempat cerita menjadi hidup. Temukan sekarang