အခန်း ၂၅၀

1.3K 103 2
                                    

အခန်း ၂၅၀။

ပြန်ပေးဆွဲခံရ

ရှင်းဟယ်သည် သူမကားပေါ်သို့ တက်လိုက်သောအခါ မုပိုင်က ဖုန်းခေါ်လာသည်။

“ကိုယ်တို့ စားသောက်ဆိုင်ကို ရောက်နေပြီ။ မင်းလာနေပြီလား” ဟု
မုပိုင်က အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

“ခုမှထွက်လာတာ၊ ကျွန်မ အဲကို ခဏနေရင်ရောက်မယ်”

“ကောင်းပြီ၊ ကားကို သေချာမောင်းလာခဲ့ဦးနော်”

မုပိုင်ပြုံးတုံးတုံးဖြင့် ဖုန်းချလိုက်သည်။ သူနှင့်မျက်နှာချင်းဆိုင်၌ ထိုင်နေသူ လင်းလင်းက
သူ့လည်ပင်းမှ ဖဲပြားလေးကို ပြင်နေ၏။

ထိုကောင်လေးမှာ အမည်းရောင် စျေးကြီး suit ကိုဝတ်ဆင်ထားပြီး ဆံပင်ကိုပင် ဂျဲလ်လိမ်းထားလေသည်…

သူ၏ဖယောင်းတိုက်ထားသော ရှုးဖိနပ်မှာ တောက်ပနေ၏။ မင်းသားလေးနှင့်ပင် တူနေ၏။

မုပိုင်မရယ်ဘဲ မနေနိုင်ဖြစ်သွား၏။

‘အခုက သူ့ရဲ့ နေ့လယ်စာဒိတ်ဟာကို သူ့သားက ဘယ်လိုလုပ်ပြီး သူ့ထက် ပိုဟိတ်ကြီးဟန်ကြီးဖြင့် လုပ်နေရတာလဲ’

သူ၏ စိတ်ကြိုက်ဒီဇိုင်းမှာယူထားသော အဖြူရောင် suit ကို ပြန်ပြင်လျက်
မုပိုင်က လင်းလင်းကို စလိုက်သည်။

“ဒါက ဒီတိုင်း နေ့လယ်စာတူတူစားတာပဲဟာကို၊ မင်း ဘာလို့ ဒီလောက်ထိ ဝတ်စားထားရတာလဲ။ စိတ်လှုပ်ရှားနေတာလား”

လင်းလင်းကို မျက်လုံးကို စောင်းကြည့်လိုက်ပြီးနောက် ပစ်ပစ်ခါခါ
ပြောချလိုက်သည်။

“ဒက်ဒီကပဲ ပြောရတယ်ရှိသေး”

“…” သူ သူ့ကို ရှင်းဟယ်နဲ့ နေ့လယ်စာစားမဲ့အကြောင်းကို
ကြိုမပြောထားခဲ့သင့်တာ…

ဆေးရုံ၌ ရှင်းဟယ် အခက်တွေ့နေ၏။

သူမကားတာယာ ပြားနေ၏။ စောနကပင် ကားက ကောင်းနေသေး၍ သူမ
ဆေးရုံသို့ မောင်းလာခဲ့သည်။

အရမ်းတိုက်ဆိုင်နေသည်။ တစ်စုံတစ်ယောက်က တမင်လုပ်တာပဲဖြစ်ရမည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora