အခန်း ၂၃၈

1.1K 94 2
                                    

အခန်း ၂၃၈။

မျဉ်းပေါ်က ကံကြမ္မာ

သူမ၏ အစီအစဉ် ကျရှုံးမှုကြောင့် ရှင်းဟယ်ခံစားနေရလိမ့်မည်ဟု သူတို့ ထင်ခဲ့သည်။ သူတို့ အဖို့ စိတ်ပျက်သွားရသည်ကား ရှင်းဟယ်သည် စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားခဲ့သည်။ သို့သော် သူမက ထွက်သွားတာ မဟုတ်ပေ။ ခုံတန်းရှည်တွင် ထိုင်လိုက်ပြီးနောက် သူမသာ သူမ ထိုင်နေတော့သည်။

သူမသည် ခွဲစိတ်မှု ပြီးဆုံးမှာကို စောင့်ဆိုင်းနေပုံပေါ်၏။ သူမ၏ အရှက်မဲ့မှုကို မြင်တွေ့ရသောအခါ တစ်ဖွဲ့လုံးက ထိုအကြောင်းကို ဆိုးဆိုးဝါးဝါး ပြောဆိုနေကြတော့သည်။

ရှင်းဟယ်သည် သူတို့နှင့် အတန်ငယ်ဝေးနေသောကြောင့် သူမ ဘာမှ မကြားရပေ။ ထို့အပြင် သူမ ကြားလျှင်တောင် ဘာမှ တုံ့ပြန်မှာ မဟုတ်တာ ဖြစ်နိုင်သည်။

ရှကျီအတွက်မူ မတူညီပေ။ သူကမူ လူအုပ်ကြီးဆီမှ အထင်သေး နှိမ့်ချသည့် အကြည့်ကို မခံမရပ်နိုင်အောင် ဒေါသထွက်လာသည်။

“အစ်မ အဲဒီလူတွေ သိပ်လွန်တာပဲ။ သူတို့တွေက အစ်မကို မယုံဘဲနဲ့ အဲဒီ သူခိုးမကို ယုံဖို့ ဘယ်လိုလုပ် ရွေးရတာလဲ။ ကန်းနေတဲ့ အရူးတွေ”

ရှကျီက သူမရှေ့တွင် ညည်းတွားပြောဆိုလိုက်သည်။

“မစ္စရှ တခြား အစီအစဉ်ရှိသေးလား။ မစ္စရဲ့ သက်သေ အပြစ်ကင်းမှုကို သက်သေပြဖို့ အခြားသက်သေတွေ မရှိတော့ဘူးလား”

လော့ကျွင်းကလည်း အစာမကြေ ဖြစ်နေ၏။ ဆန့်ကျင်ဘက် အနေဖြင့် ရှင်းဟယ်က ခါတိုင်းက ခါတိုင်းကဲ့သို့ တည်ငြိမ်နေပေသည်။

“ဒေါသမထွက်ကြနဲ့။ ငါက ဒါတွေကို ခန့်မှန်းပြီးသား” သူမသည် သူတို့ကို နှစ်သိမ့်လိုက်၏။

ရှကျီက ထိတ်လန့်သွားသည်။

“အစ်မ ဒါတွေကို ခန့်မှန်းပြီးသားလား။ ဒါဆို ဝေဒနာ ခံစားဖို့ ဘယ်လိုလုပ် ရောက်လာတာလဲ။ ကျွန်တော်တို့တွေ ရှေ့နေ တစ်ယောက်ရှာပြီး ယွင်ရို့ပင်းကို တရားဆွဲသင့်တယ်”

ရှင်းဟယ်က ပြုံးလိုက်၏။

“ဒါပေမဲ့ သူတို့ပြောတာမှန်တယ်လေ။ ငါ့မှာ သက်သေမှ မရှိတာ။ အယ်ချန်းကလည်း သူမကို ရောင်းစားမှာ မဟုတ်တာ သေချာတယ်”

ဝေးလွင့်ပြီးသော အတိတ် (၂)Onde histórias criam vida. Descubra agora