အခန်း ၂၉၂။ ဘလက်ဘောက်
သို့သော် သူ့ထံမှ ထိုအကြောင်းအရာကို သူ့ကို ဝှက်ထားဖို့က မဖြစ်နိုင်ကြောင်း နာလည်ထားပေသည်။ ယင်းပရောဂျက်အကြောင်းကို ရှင်းဟယ်ထံမှ မဟုတ်လျှင်တောင် တစ်ယောက်ယောက်ထံမှ ရှာတွေ့နိုင်ပေသည်။
“ကျွန်မရဲ့ အမေ၊ ယွင်ရို့ပင်းရဲ့ အဖေ၊ ရှမုန့်ရဲ့ အဖေ၊ ပြီးတော့ အဲချန်းရဲ့ မိဘထဲက တစ်ယောက်ယောက်။ အခုလက်ရှိမှာ အဲပရောဂျက်နဲ့ ဆက်နွယ်တဲ့ ကျွန်မသိတဲ့သူတွေပဲ”
ရှင်းဟယ်က လှစ်ဟလိုက်သည်။
မုပိုင်က မှင်သက်သွားသည်။ ယွင်ရို့ပင်းအဖေနှင့် အဲချန်း၏ အဖေက ထိုလျှို့ဝှက်ဆန်းကြယ်သည့် ပရောဂျက်ကြီးတွင် ပါဝင်ပတ်သက်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။
“မင်းဘာတွေ သိထားသေးလဲ”
မုပိုင်က ဆက်ပြောလိုက်သည်။
“ပြီးတော့ မင်းအမေက မင်းအတွက် ဘာချန်သွားခဲ့လဲ”
“ဘလက်ဘောက်တစ်ခု ဒါပေမဲ့ အဲဒါက အသုံးမဝင်တာ ဒါမှ မဟုတ် ကျွန်မ အဲတာကို ဘယ်လို အသုံးပြုရမလဲဆိုတာ မသိတာ ဖြစ်မယ်”
“အဲဒါဆိုတော့ မင်း မှန်းဆချက်က သူတို့ တစ်ယောက်ချင်းဆီကိုလည်း ဘလက်ဘောက် တစ်လုံးဆီ ပေးထားတာလား”
မုပိုင်က ခန့်မှန်းလိုက်သည်။
“အမှန်ပဲ”
“ကိုယ်မင်းကို ဒီအကြောင်းအရာရဲ့ အစကနေ ရအောင် ကူညီပေးမယ်။ တကယ်လို့ မင်းအကူအညီလိုအပ်ရင် ကိုယ့်ဆီလာခဲ့ဖို့ ဝန်မလေးနဲ့”
မုပိုင်က ကမ်းလှမ်းလိုက်သည်။
ရှင်းဟယ်၏ မျက်လုံးများက သူ့ကို စိုက်ကြည့်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်”
မုပိုင်က ကျေးဇူးတင်ရန် မလိုဟု သူမကို ပြောချင်ခဲ့သည်။ သို့သော် ထိုကဲ့သို့ ဆက်ဆံရေးမျိုးက နှစ်ဦးနှစ်ဖက်လုံး တူညီသည့် အပေးအယူ ရှိပြီး ယခုလိုက်ရှိတွင် သူလုပ်နိုင်သည့် အကောင်းဆုံးအရာပင် ဖြစ်ပေသည်။ ဖိအားများစွာကို ပေးခြင်းက ရှင်းဟယ်ကို သူနှင့်အဝေးသို့ တွန်းပို့ရာ ရောက်ပေလိမ့်မည်။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...
