အခန်း ၂၂၄

1.1K 105 3
                                    

အခန်း ၂၂၄။

သူမကို ပစ်မှတ်ထားတာရပ်လိုက်တော့

"ဒါပေမဲ့ အဓိကက သူမ ရှုံးသွားပြီလေ" သခင်မကြီးရှီးက ပြောလာသည်၊

"ရို့ပင်းရဲ့ဒီဇိုင်းက ပြီးပြည့်စုံတယ်။ ငါ အရမ်းစိတ်ကျေနပ်တယ်။ သူမပြုလုပ်ဖို့ အချိန်ပဲလိုတော့တာ။ အခြားဒီဇိုင်း ဒါမှမဟုတ် ပစ္စည်းက သူမဟာထက် မကောင်းနိုင်ဘူး"

"ဒါပေမဲ့ အဘွားက ရှင်းဟယ်ရဲ့ဒီဇိုင်းကို မြင်တောင်မမြင်ရသေးဘူးလေ"

သခင်မကြီးရှီးက ယုံကြည်ချက်အပြည့်ဖြင့် ကြေညာလိုက်သည်။

"မလိုဘူး။ ငါပြောခဲ့သလိုပဲ၊ ရို့ပင်း ဒီဇိုင်းက ပြီးပြည့်စုံတယ်။ ရှရှင်းဟယ်က သူမထက် ပိုကောင်းတဲ့ဟာကို လုပ်နိုင်စရာအကြောင်း မရှိဘူး"

မုပိုင်က လျှို့ဝှက်နက်နဲသော အပြုံးပြုံးလာ၏။ "ဘွား၊ ရှင်းဟယ်ရဲ့ ဒီဇိုင်းကို မမြင်ရသေးဘဲနဲ့ ဘာလို့ ဒီလောက်သေချာနေရတာလဲ"

"ဘာလို့လဲဆိုတော့ ရို့ပင်းရဲ့ ဒီဇိုင်းကို တီထွင်ကြံဆဉာဏ်က ငြင်းလို့မရလို့ပဲ" သခင်မကြီးရှီးက ဖိပြောလာသည်၊ "နေက အနောက်ဖက် အရပ်က ထွက်လာမှပဲ ရှရှင်းဟယ်ရဲ့ ဒီဇိုင်းက သူမဟာထက် ပိုကောင်းလောက်မှာ"

"သူမဒီဇိုင်းက ရို့ပင်းရဲ့ဒီဇိုင်းထက် ပိုကောင်းနေရင်ရော ဘယ်လိုလုပ်မလဲ" မုပိုင် မေးခွန်းက ကျယ်ကျယ်နှင့် ပီပီသသထွက်လာတော့သည်။

ရို့ပင်း၏ မျက်ခွံ တွန့်သွားတော့သည်။

သူမ နှလုံးသားက ကြောက်ရွံ့မှုကြောင့် တုန်ယင်စပြုလာသည်။

ရှရှင်းဟယ်ရဲ့ဒီဇိုင်းက သူမဟာထက် ပိုကောင်းနေမလား။

သူမလက်ထဲမှာရှိနေသည်ကလည်း ရှရှင်းဟယ်၏ ဒီဇိုင်းဖြစ်တာကြောင့် ၎င်းကမဖြစ်နိုင်ပေ။ ရို့ပင်း ဝန်မခံချင်သော်လည်း သူမဒီဇိုင်းက ပြီးပြည့်စုံပေသည်။

ထို့ကြောင့် ရှင်းဟယ်သည် ယခုဟာထက် ပိုကောင်းသည့်ဟာတော့ သေချာပေါက်မလုပ်နိုင်လောက်ပေ။ ယခုဟာနီးနီးကိုပဲ လုပ်နိုင်လိမ့်မည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now